တရုတ်၏ ရန်လိုမှုများကြား မဟာဗျူဟာ ပြောင်းရန် ဖိလစ်ပိုင် စဉ်းစား 

တရုတ်၏ ရန်လိုမှုများကြား မဟာဗျူဟာ ပြောင်းရန် ဖိလစ်ပိုင် စဉ်းစား 

ဖိလစ်ပိုင်နိုင်ငံက ၎င်း၏ ရေယာဉ်များအား တရုတ်၏ ရန်လိုသော အပြုအမူများ ပို၍ ဖော်ပြလာခြင်းကြောင့် အနောက်ဖိလစ်ပိုင် ပင်လယ်တွင် လုပ်ငန်းဆောင်ရွက်မှုများ၌ နည်းဗျူဟာသစ်ကို အကောင်အထည်ဖော်ရေးအတွက် စိုင်းပြင်းလျက် ရှိနေသည်။ 

“ကျွန်တော်တို့ မဟာဗျူဟာ ပြောင်းလဲဖို့ စဉ်းစားနေပါတယ်”ဟု အမျိုးသား လုံခြုံရေးကောင်စီ ပြောခွင့်ရသူ ဂျွန်နသန် မာလာယာက CNN သို့ ဗုဒ္ဓဟူးနေ့တွင် ပြောသည်။ 

ပင်လယ်ရေတိမ်ပိုင်းတွင် ကျောက်ချထားသော BRP Sierra သင်္ဘောသို့ ဖိလစ်ပိုင်က စက်တင်ဘာ ၈ ရက်၌ စစ်ရိက္ခာထောက်ကူများ ပေးပို့ရာတွင် တရုတ်၏ ပိတ်ဆို့ရန် ကြိုးစားခြင်းများ မရှိဘဲ အောင်အောင်မြင်မြင် ပေးပို့နိုင်ခဲ့သည်။ 

တရုတ်ကမ်းခြေစောင့်သင်္ဘောနှင့် တရုတ်ရေပြင်ပြည်သူ့စစ် သင်္ဘောများက အန္တရာယ်များသော အပြုအမူများဖြင့် ရန်လိုမှုကို ဖော်ပြပြီး ဖိလစ်ပိုင် ရေယာဉ်များကို ဆက်လက်နှောင့်ယှက်နေခဲ့ကြောင်း အနောက်ဖိလစ်ပိုင်ပင်လယ် အမျိုးသား လုပ်ငန်းစဉ်တပ်ဖွဲ့က ပြောခဲ့သည်။ 

ဖိလစ်ပိုင် ရေယာဉ်များ ရှေ့တိုးမောင်းနှင်ခြင်းအား အကာအကွယ်ပေးရန် အလွယ်တကူ လုပ်ငန်းဆောင်ရွက်နိုင်သည့် စက်သင်္ဘောငယ်များကို ဖြန့်ကြက်ချထားခဲ့ရကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် ပြောခွင့်ရသူ ဂျေးတာရီလာက CNN သို့ ပြောသည်။ 

မဟာဗျူဟာ ပြောင်းလဲခြင်းအပြင် အနောက်ဖိလစ်ပိုင်ပင်လယ်၌ ကင်းလှည့်ရေယာဉ်များ ပို၍ ဖြန့်ကြက်ရန် အာဏာပိုင်များက စဉ်းစားသုံးသပ်ခြင်းကလည်း ရွေးချယ်စရာတွင် ပါဝင်သည်ဟု မာလာယာက ပြောသည်။ 

ရွေးချယ်စရာများကို အာဏာပိုင်များက စဉ်းစားသုံးသပ်နေပြီး စစ်ရိက္ခာထောက်ကူပြုလုပ်ဆောင်ချက်မျာကို ဆက်လက်ဆောင်ရွက်သွားပြီး “မိမိတို့နိုင်ငံအတွက် ရင်ဆိုင်တိုက်ခိုက်ခြင်းကို ရပ်တန့်သွားမည် မဟုတ်”ဟု ၎င်းက အလေးအနက်ထား ဆိုသည်။ 

“တင်းမာမှုတွေ လျှော့ချဖို့နဲ့ ကျွန်တော်တို့ ရေယာဉ်တွေဆီ ထောက်ပံ့မှုတွေ အေးအေးလူလူ ပေးပို့နိုင်ဖို့ကို ခွင့်ပြုဖို့ ကျွန်တော်တို့ရဲ့ အရင်းခံအတိုင်း တောင်းဆိုမှုကို တရုတ်က ခွင့်ပြုတုံ့ပြန်မယ့် အနာဂတ်ကို ကျွန်တော်တို့ မျှော်လင့်ပါတယ်”ဟု ၎င်းက ပြောသည်။ 

စစ်ရိက္ခာထောက်ကူများ ပေးပို့ရာ၌ တရုတ်နှင့် ထိပ်တိုက်တွေ့ခဲ့ခြင်းများအတွက် သံတမန်ရေး ကန့်ကွက်မှုကို နိုင်ငံခြားရေးဝန်ကြီးဌာနက ပေးပို့ထားခြင်းကိုလည်း ကျေနပ်အားရကြောင်း ၎င်းက ပြောဆိုခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly