ဆက်သွယ်ရေး လိမ်လည်မှု သံသယရှိသူ ၁,၂၀၀ ကျော်ကို တရုတ်သို့ ပေးပို့ 

ဆက်သွယ်ရေး လိမ်လည်မှု သံသယရှိသူ ၁,၂၀၀ ကျော်ကို တရုတ်သို့ ပေးပို့ 

မြန်မာနိုင်ငံ မြောက်ပိုင်းတွင် လုပ်ငန်းများ ဆောင်ရွက်နေပြီး တရုတ်နိုင်ငံသားများအပေါ် သက်ရောက်မှု ရှိနေသော ဆက်သွယ်ရေး လိမ်လည်မှုများကို ဆောင်ရွက်ဆဲ နှိမ်နင်းမှုအတွင်း သံသယရှိသူ ၁,၂၀၇ ဦးအား မြန်မာနိုင်ငံမှ တရုတ်ထံသို့ ပေးပို့ကြောင်း တရုတ်ပြည်သူ့ရေးရာလုံခြုံရေးဝန်ကြီးဌာနက သောကြာနေ့တွင် ကြေညာသည်။ 

တရားခံပြေး ၄၁ ဦး ပါဝင်သော အဆိုပါ သံသယရှိသူများကို တရုတ်အနောက်တောင်ပိုင်း နယ်စပ်ပြည်နယ် ယူနန်ရှိ ပူအာစီးတီးမှ ပြည်သူ့အာဏာပိုင်များနှင့် မြန်မာနိုင်ငံမှ သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးဌာနများကြား မကြာသေးခင် နယ်စပ်ဥပဒေ အသက်ဝင်မှု ပူးပေါင်းဆောင်ရွက်မှုအတွင်း စက်တင်ဘာ ၆ ရက်က လက်လွှဲပေးပို့ခဲ့ခြင်း ဖြစ်သည်။ 

ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံတို့မှ သက်ဆိုင်ရာ အာဏာပိုင်များကြား စက်တင်ဘာ ၃ ရက်တွင် ပူးပေါင်းဆောင်ရွက်ရေး အစောပိုင်း စစ်ဆင်ရေးများ၏ အချိန်တိုအတွင်း ယခုကဲ့သို့ သံသယရှိသူများကို ပေးပို့နိုင်ခြင်း ဖြစ်သည်။ အစောပိုင်း စစ်ဆင်ရေးအတွင်း ဆက်သွယ်ရေး လိမ်လည်မှု သံသရှိသူ ၂၆၉ ဦးကို ဖမ်းဆီးရမိခဲ့သည်။ 

လိမ်လည်မှု ကျူးလွန်သည်၊ တရားမဝင် နယ်စပ်ဖြတ်ကျော်သည်နှင့် အခြားသော ရာဇဝတ်ပြစ်မှုများနှင့်အတူ ပေးပို့လာသော သံသယရှိသူများအား လက်ရှိ၌ တရုတ်ပြည်သူ့လုံခြုံရေး အာဏာပိုင်များက ကြပ်ကြပ်မတ်မတ် စစ်ကြောမေးမြန်းလျက် ရှိသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly