ကမ္ဘာ့အပြောင်းအလဲများနှင့် အိန္ဒိယ၏ အသွင်ကူးပြောင်းမှုများကြားတွင် အာဆီယံ-အိန္ဒိယ မဟာမိတ်အဖွဲ့သည် အားကောင်းလှသည့် အင်အားစုတစ်ခုအဖြစ် ပေါ်ထွက်လာသည်။
အာဆီယံ-အိန္ဒိယမဟာမိတ်အဖွဲ့သည် ၁၉၉၂ ခုနှစ်တွင် ဒေသတွင်း ဆွေးနွေးဖက်များအဖြစ်မှ ၂၀၂၂ ခုနှစ်တွင် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်အဖွဲ့အဖြစ်သို့ ကြီးထွားလာခဲ့ပြီး ကုန်သွယ်ရေး၊ ယဉ်ကျေးမှု၊ လုံခြုံရေး၊ ချိတ်ဆက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ပါဝင်သော အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီ၏ အရှေ့မျှော်မူဝါဒဖြင့် အားကောင်းလာခဲ့သည်။
အိန္ဒိယတွင် G20 ထိပ်သီးအစည်းအဝေးကျင်းပရန် ပြင်ဆင်နေစဉ် ဝန်ကြီးချုပ်မိုဒီ၏ အင်ဒိုနီးရှားခရီးစဉ်သည် အာဆီယံ၏ ကတိကဝတ်များကို အတည်ပြုရာရောက်ကြောင်း အိန္ဒိယ၏ နိုင်ငံခြားရေးမူဝါဒကို သုံးသပ်သူ မာဟိပ်က ပြောကြားခဲ့သည်။
အိန္ဒိယ၏ အာဆီယံနှင့် ထိတွေ့ဆက်ဆံမှုသည် ၂၀၁၄ ခုနှစ်တွင် ဝန်ကြီးချုပ် နရန်ဒရာမိုဒီမှ ၁၉၉၀ ကျော်ခုနှစ်များ အတွင်း ရေးဆွဲခဲ့သော အရှေ့မျှော်မူဝါဒ (LEP) မှ ပေါ်ထွက်လာသော အိန္ဒိယ၏ အရှေ့နှင့်ထိတွေ့ဆက်ဆံရေး မူဝါဒကို ဖော်ဆောင်ရာတွင် အဓိကအထောက်အပံ့ဖြစ်ခဲ့သည်။ အရှေ့မျှော်မူဝါဒသည် အခြေခံအားဖြင့် စီးပွားရေးဗျူဟာတစ်ခုဖြစ်ပြီး အရှေ့နှင့်ထိတွေ့ဆက်ဆံရေးမူဝါဒ (AEP) သည် ပထဝီမဟာဗျူဟာရှုထောင့်များကို ထည့်သွင်းထားသည်။
ရည်ရွယ်ချက်မှာ ကုန်သွယ်မှု၊ ကူးသန်းရောင်းဝယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နယ်ပယ်များတွင် ယနေ့အချိန်ထိ ဒေသနှစ်ခုလုံးက အသုံးမချရသေးသော စီးပွားရေးအလားအလာများကို အတတ်နိုင်ဆုံး သိရှိနားလည်နိုင်စေရေးအတွက် ဒေသနှစ်ခုကို ပိုမိုနီးကပ်စွာ ချိတ်ဆက်နိုင်စေရန် ဖြစ်သည်။
အချို့သော ဒေသဆိုင်ရာ ချိတ်ဆက်မှုဆိုင်ရာ အရေးပါသော စီမံကိန်းများတွင် အိန္ဒိယ မြန်မာ-ထိုင်း သုံးနိုင်ငံ (IMT) အဝေးပြေးလမ်းမကြီးနှင့် ကုလားတန် ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းတို့ ပါဝင်သည်။
သုံးနိုင်ငံအဝေးပြေးလမ်းမကြီး (IMT) သည် အိန္ဒိယနိုင်ငံ မဏိပူရ်ရှိ မိုရေးမြို့မှ မြန်မာနိုင်ငံ မန္တလေးနှင့် ပုဂံတို့ကို ဖြတ်ကာ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့သို့ ကီလိုမီတာ ၁၃၆၀ ခန့်မှန်းခြေ ကီလိုမီတာ ၁၃၆၀ ရှည်လျားသည်။ ကုလားတန်ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းသည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသမှ မြန်မာနိုင်ငံသို့ ကုန်စည်များကိုပို့ဆောင်ရာတွင် အစားထိုးလမ်းကြောင်းအဖြစ် ဘက်စုံချိတ်ဆက်မှုစီမံကိန်းတစ်ခုဖြစ်သည်။
ချိတ်ဆက်မှု စီမံကိန်းများသည် ရုပ်ပိုင်းဆိုင်ရာ ချိတ်ဆက်မှုတွင် အကန့်အသတ်မရှိတော့သလို ဒစ်ဂျစ်တယ်ချိတ်ဆက်မှုတွင်လည်း အထူးအလေးပေးဆောင်ရွက်လျက်ရှိသည်။ ဒစ်ဂျစ်တယ်ချိတ်ဆက်မှု စီမံကိန်းများကို ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့နှင့်အတူ တိုးချဲ့လုပ်ဆောင်ခဲ့သည်။
အိန္ဒိယနှင့် အာဆီယံတို့သည် ခိုင်မာသော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆက်ဆံရေးလည်းရှိသည်။ ၂၀၁၀ ခုနှစ်မှစတင်၍ ကုန်ပစ္စည်းများဆိုင်ရာတွင်လည်းကောင်း ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် ဝန်ဆောင်မှုများနှင့် ရင်းနှီးမြုပ်နှံမှုများတွင်လည်းကောင်း လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် (FTA) ချုပ်ဆိုခဲ့သည်။
အိန္ဒိယနှင့်အာဆီယံနှစ်နိုင်ငံကြား ကုန်သွယ်မှုသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၈၆ ဒသမ ၉ ဘီလီယံအထိရောက်ရှိခဲ့ပြီး အာဆီယံ၏စတုတ္ထအကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်လာခဲ့သည်။
လုံခြုံရေးနှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသည်လည်း အိန္ဒိယ-အာဆီယံ ဆက်ဆံရေး၏ အဓိက မဏ္ဍိုင်ဖြစ်လာသည်။ အိန္ဒိယသည် အာဆီယံအဖွဲ့ဝင်နိုင်ငံအများအပြားနှင့် ပုံမှန်ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေပြီး ပင်လယ်ရေကြောင်းလုံခြုံရေး၊ ဆိုက်ဘာလုံခြုံရေး၊ အကြမ်းဖက်မှု တန်ပြန်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကဲ့သို့သော ကိစ္စရပ်များတွင်လည်း အာဆီယံနှင့် ဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိသည်။
အိန္ဒိယသည် လက်ရှိကမ္ဘာ့အခင်းအကျင်း၏သဘောသဘာဝနှင့် ကမ္ဘာပေါ်ရှိ ပထဝီဝင်နိုင်ငံရေး အပြောင်းအလဲကြောင့် ၎င်းအတွက် အဓိကကျသော နိုင်ငံခြားရေးမူဝါဒဘောင်ဖြစ်သည့် အင်ဒို-ပစိဖိတ်မဟာဗျူဟာ၏ အဓိကမဏ္ဍိုင်အဖြစ် အာဆီယံဗဟိုပြုမှုကို အလေးထားသည်။
အိန္ဒိယ-အာဆီယံ ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် ဆောင်ရွက်ရန် ကြိုးပမ်းအားထုတ်သည့် ထင်ရှားသော လက္ခဏာများလည်းတွေ့ရှိရပြီး ယင်းက နှစ်ဖက်စလုံးအတွက် အကျိုးရှိစေမည်ဖြစ်သည်။