ဒေါ်လာ ၂၅ သန်းတန် သမိုင်းဝင်အိမ်ကို တေလာဆွစ်(ဖ်)(ထ်) ပြုပြင်မွမ်းမံ

ဒေါ်လာ ၂၅ သန်းတန် သမိုင်းဝင်အိမ်ကို တေလာဆွစ်(ဖ်)(ထ်) ပြုပြင်မွမ်းမံ

ဧပြီ ၈ ။            ။ ကမ္ဘာကျော်အဆိုတော် တေလာဆွစ်(ဖ်)(ထ်) (Taylor Swift) သည် သူ ဝယ်ယူထားကာစ သမိုင်းဝင် အိမ်ဟောင်းအား အကြီးစား ပြုပြင်မွမ်းမံမှှုများ စတင်ပြုလုပ်လျက် ရှိသည်။

သမိုင်းဝင် Beverly Hills အိမ် အား ဒေါ်လာ ၂၅ သန်းဖြင့် တေလာဆွစ်(ဖ်)(ထ်)က ဝယ်ယူခဲ့ သည်မှာ ခြောက်လ မပြည့်သေးပေ။ ယခုအခါတွင် အမေရိကန် အဆိုတော် တေလာဆွစ်(ဖ်)(ထ်) သည် ထိုသမိုင်းဝင်အိမ်အား သူ၏ စိတ်ကြိုက် စတင် မွမ်းမံလျက် ရှိသည်။

အသက် ၂၆ နှစ်အရွယ် ပေါ့(ပ်)ဂီတကြယ်ပွင့်၏ ထိုအိမ်အား ဝေဟင်မှ ရိုက်ကူးထားခဲ့သော ဓာတ်ပုံများအရ ဆောက်လုပ်ရေး အလုပ်သမားများသည် ထိုအိမ်အား အကြီးအကျယ် မွမ်းမံလျက် ရှိကြောင်း တွေ့ရသည်။

နာမည်ကျော် ဗိသုကာပညာရှင် Douglas Honnold က ရုပ်ရှင်ထုတ်လုပ်သူ Samuel Goldwyn အတွက် ၁၉၃၄ ခုနှစ်တွင် ထိုအိမ်ကို တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည်။ ထိုအိမ် တည်ရှိ လာသည်မှာ နှစ်ပေါင်း ၁၀၀ နီးပါး ရှိလာပြီဖြစ်ရာ၊ ပြုပြင်မွမ်းမံရန် လိုအပ်နေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly