Star Wars Rogue One ရုပ်ရှင်ကား နမူနာ ထုတ်လွှင့်ပြသ

Star Wars Rogue One ရုပ်ရှင်ကား နမူနာ ထုတ်လွှင့်ပြသ

လော့စ်အိန်ဂျလိစ်၊ ဧပြီ ၈ ။           ။ Star Wars ရုပ်ရှင် Rogue One ရုပ်ရှင်ကားနမူနာကို ပထမဆုံးအကြိမ် ထုတ်လုပ်ခဲ့ကြောင်း နှင့် ၃၈ စက္ကန့်ကြာမြင့်သော အဆိုပါရုပ်ရှင်ကားနမူနာတွင် နာဇီတပ်ဖွဲ့စစ်သည်များနှင့် ဗြိတိန်သရုပ် ဆောင်မင်းသမီး ဖာလစ်စီတီးဂျိမ်း ပါဝင်သရုပ်ဆောင်ထားသော ခေါင်ဆောင်မင်းသမီး ဇာတ်ရုပ်အ ကြောင်းကို အသေးစိတ် ဖော်ပြထားသည်။

ရုပ်ရှင်ကား နမူနာအစတွင် ဖာလစ်စီတီးက ၎င်း၏ ဇာတ်ရုပ်နာမည်ဖြစ်သော ဂျင်အာဆိုနာ မည်ကို မိတ်ဆက်ခဲ့ပြီး “မဆင်မခြင်၊ ရန်လိုခြင်းနှင့် စည်းကမ်းမဲ့ခြင်း” တို့ကို ဖော်ပြခဲ့သည်။ Rogue One ရုပ်ရှင်ကားသည် Death Star အစီစဉ်များကို ခိုးယူရန် တာဝန်ပေးအပ်ခံရသော သူပုန်တိုက် ခိုက်ရေးအဖွဲ့အကြောင်းကို ပုံဖော်ရိုက်ကူးထားသည့် ရုပ်ရှင်ကားဖြစ်သည်။

တိုက်ခိုက်မှုခံရသည့် နာဇီတပ်ဖွဲ့ စစ်သည်ပုံရိပ်များပြီးနောက် ဖာလစ်စီတီး၏ ဇာတ်ရုပ်သည်  “ဒါဟာ ပုန်ကန်မှုတစ်ခု ဟုတ်တယ်မလား။ ကျွန်မက သူပုန်တစ်ယောက်” ဟု ဖော်ပြနေသည်။ အာဆိုသည် Death Star ပုံရိပ်နှင့် စပ်လျဉ်း၍ ၎င်း၏ လုပ်ငန်းတာဝန်ကို အကျဉ်းချုပ် ဖော်ပြခဲ့သည်။

“Death Star ဟာ အဓိက လက်နက်များစမ်းသပ်မှု ဖြစ်အံ့ဆဲဆဲဖြစ်တယ်။ ကျွန်မတို့ ဒါဟာ ဘာဖြစ်တယ်ဆိုတာ သိဖိုလိုအပ်သလို။ ဒါကို ဘယ်လို ဖျက်ဆီးသွားမယ်ဆိုတာ သိဖို့လိုအပ်တယ်” ဟု အာဆိုက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly