ပနားမား စာရွက်စာတမ်းများတွင် နာမည်ပါဝင်ခဲ့တဲ့ ဆိုင်မွန်ကိုဝဲလ်

ပနားမား စာရွက်စာတမ်းများတွင် နာမည်ပါဝင်ခဲ့တဲ့ ဆိုင်မွန်ကိုဝဲလ်

နယူးယော့ခ်၊ ဧပြီ ၈ ။          ။ ဗြိတိန် ရုပ်မြင်သံကြားထုတ်လုပ်သူ ဆိုင်မွန်ကိုဝဲလ်သည် အခြားသော နာမည်ကြီးစီးပွားရေး လုပ်ငန်းရှင်များ၊ ကျော်ကြားသူများနှင့်အတူ ပနားမား စာရွက်စာတမ်းများတွင် နာမည်ပါဝင်ခဲ့ပြီး နောက် အပြစ်တစ်စုံတစ်ရာ လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။

တေးဂီတလုပ်ငန်းနှင့် Syco Entertainment ပိုင်ရှင် အသက် ၅၅ နှစ်အရွယ် ဆိုင်မွန်ကိုဝဲလ် သည် ယခုသီတင်းပတ်က ပနားမားဥပဒေကုမ္ပဏီ မော့ဆက်ဖွန်ဆက်ကာမှ ပေါက်ကြားခဲ့သော စာရွက်စာတမ်းများတွင်  ဟီသာမေးလ်၊ ဒက်ရှ်အော့ဖ်ယော့ခ်၊ မာဂရက်သက်ချာ၏သားဖြစ်သူ မက်ခ်၊ ချယ်ဆီးလ်အသင်း၏ ဘရားဇီးဘောလုံးသမား ဝီလျံ နှင့် ဒါရိုက်တာ စတန်လးကူဘရစ်ခ်တို့နှင့်အတူ ပါဝင်ခဲ့သည်။

စာရွက်စာတမ်းများတွင် ကိုဝဲလ်သည် ဗြိတိန်ဗာဂျင်ကျွန်းတွင် မှတ်ပုံတင်ထားသော  Southstreet Limited  နှင့် Eastnet Limited ဟုခေါ်သော ကုမ္ပဏီနှစ်ခုတွင် တစ်ဦးတည်းသော အစုရှယ်ယာအဖြစ် နာမည်ပါဝင်နေသည်ကို တွေ့ရသည်။ဆိုင်မွန်ကိုဝဲလ်သည် ကာရေဘီယံကျွန်း နိုင်ငံ ဘာဘဒိုစ်တွင် မြေကွက်နှစ်ကွက်ဝယ်ယူရန် မျှော်လင့်ခဲ့သည့် ၂၀၀၇ ခုနှစ်က ယင်းကုမ္ပဏီနှစ်ခု ကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။

“ကိုဝဲလ်ဟာ ဘယ်လိုရည်ရွယ်ချက်တွေ အတွက်မဆို မည်သည့် ပြည်ပကုမ္ပဏီကိုမျှ အသုံးပြု ခဲ့တာ မရှိပါဘူး။ ကျွန်တေ်ာ ကိုဝဲလ်အစား အတည်ပြုပြောနိုင်ပါတယ်”ဟု ကိုဝဲလ်၏ ကိုယ်စားလှယ်က ဧပြီ ၇ ရက်တွင် ထုတ်ပြန်သော အစီရင်ခံစာတွင် ပြောကြားထားသည်။

“ကျွန်တော် အမြဲတမ်း အခွန်တွေ ပေးဆောင်တယ်။ အဲလိုပေးဆောင်ရတဲ့အတွက် ဂုဏ်ယူမိပါ တယ်” ဟု ဆိုင်မွန်ကိုဝဲလ်က အစီရင်ခံစာတွင် ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly