တောင်ကိုရီးယား မင်းသမီး ကူဟေးဆန် မေလတွင် လက်ထပ်ပွဲ ကျင်းပမည်

တောင်ကိုရီးယား မင်းသမီး ကူဟေးဆန် မေလတွင် လက်ထပ်ပွဲ ကျင်းပမည်

ဆိုးလ်၊ ဧပြီ ၈ ။            ။ တောင်ကိုရီးယားမင်းသမီး ကူဟေးဆန်နှင့် မင်းသား အန်ဂျေဟွန်းတို့သည် မေလ ၂၁ ရက်တွင် လက်ထပ်ပွဲ ကျင်းပတော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

“ကျွန်မတို့တွေ ကျန်ရှိတဲ့ ဘဝကို လက်တွဲဖော်တွေအဖြစ် အချိန်ကုန်ဆုံးဖို့ ဆုံးဖြတ်ခဲ့တယ် ” ဟု ၎င်းတို့နှစ်ဦး ပြောကြားထားသော အစီရင်ခံစာကို ကူနှင့်အန်တို့၏ အေဂျင်စီများဖြစ်သော  YG Entertainment နှင့် HB Entertainment တို့က ဧပြီ ၈ ရက်တွင် အသီးသီး ထုတ်ပြန်ခဲ့သည်။

“ကျွန်မတို့ အတူတူနေထိုင်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် သင်ယူလေ့လာသွားမယ်။ တစ်ယောက်ရဲ့တန်ဖိုးကို တစ်ယောက်က လေးလေးစားစား ဆက်ဆံသွားမယ်” ဟု အစီရင်ခံစာတွင်   ပြောကြားထားသည်။

မင်္ဂလာပွဲကို မိသားစုဝင်များဖြင့်သာ ကျင်းပသွားမည်ဖြစ်ပြီး မင်္ဂလာပွဲအတွက် ကုန်ကျမည့် ကုန်ကျစရိတ်ကို ကလေးဆေးရုံသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း အန်၏ မော်ဒယ်အေဂျင်စီ Esteem Entertainment က ပြောကြားသည်။

ကူဟေးဆန်နှင့် အန်ဂျေဟွန်းတို့သည်  စုံတွဲအဖြစ် ပါဝင်သရုပ်ဆောင်ထားသော  ရုပ်မြင်သံ ကြား ဇာတ်လမ်းတွဲ “Blood” ဇာတ်ကား ရိုက်ကူးပြီးနောက် ၎င်းတို့နှစ်ဦး၏ ဆက်ဆံရေး စတင်ခဲ့ခြင်း ဖြစ်ကြောင်း အန်၏ အေဂျင်စီက ပြောကြားသည်။

ယင်းဇာတ်လမ်းတွဲတွင် အန်က သွေးဆုပ်ဖုတ်ကောင် ခွဲစိတ်ဆရာဝန်အဖြစ် ပါဝင်သရုပ် ဆောင်ထားပြီး  ကူသည်လည်း ဆရာဝန်အဖြစ် သရုပ်ဆောင်ထားသည်။ လက်ရှိအချိန်တွင် ကူဟေး ဆန်သည် အသက် ၃၁ နှစ်ရှိပြီဖြစ်ပြီး အန်ဂျေဟွန်းသည် အသက် ၂၈ နှစ်ရှိပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly