ဗီယက်နမ် ကျောက်မီးသွေးမိုင်းတွင်း ပြိုကျမှု ၄ ဦး သေဆုံး

ဗီယက်နမ် ကျောက်မီးသွေးမိုင်းတွင်း ပြိုကျမှု ၄ ဦး သေဆုံး

ဗီယက်နမ်နိုင်ငံ၏ သတ္တုတူးဖော်ရာ အချက်အချာဖြစ်သည့် ကွမ်နင်ပြည်နယ်တွင် ကျောက်မီးသွေးမိုင်းတွင်း တတွင်း၌ ပြိုကျမှုကြောင့် လူလေးဦး သေဆုံးကြောင်း နိုင်ငံပိုင် Thanh Nien သတင်းစာက ဩဂုတ် ၂၇ ရက်တွင် ဖော်ပြသည်။

ဗီယက်နမ်၏ အစိုးရပိုင် သတ္တုလုပ်ငန်းကုမ္ပဏီ Vinacomin ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် ဗန်ဒန် ကျောက်မီးသွေးကုမ္ပဏီက လုပ်ကိုင်နေသော မိုင်းတွင်း တခုတွင် ပြီးခဲ့သည့် ဩဂုတ် ၂၆ ရက်က ထိုမတော်တဆမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သတင်းစာတွင် ဖော်ပြသည်။

ကယ်ဆယ်ရေးသမားများသည် ကျောက်မီးသွေးမိုင်းလုပ်သား လေးဦး၏ အလောင်းများကို ပြန်လည်ဆွဲထုတ်ရရှိထားကြောင်း ယင်းက ဖော်ပြသည်။

ကျောက်မီးသွေး မိုင်းတွင်း ဘာကြောင့် ပြိုကျမှုဖြစ်သည် ဆိုသည်ကို ထိုသတင်းစာတွင် ဖော်ပြခြင်း မရှိပေ။

ပြီးခဲ့သည့် မတ်လကလည်း ဗန်ဒန် ကုမ္ပဏီက လုပ်ကိုင်သော မိုင်းတွင်း တခု၌ အလားတူ မတော်တဆမှုဖြစ်စဉ် တခု ဖြစ်ပွားခဲ့ပြီး လူသေဆုံးခြင်း မရှိခဲ့ပေ။

အရှေ့တောင်အာရှ ဗီယက်နမ်နိုင်ငံသည် လက်ရှိအချိန်အထိ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများကို လျှပ်စစ်ဓာတ်အားရင်းမြစ်တခုအဖြစ် အများအားဖြင့် မှီခိုနေဆဲဖြစ်သည်။

၂၀၂၂ ခုနှစ်၏ ပထမ ကိုးလအတွင်း မိုင်းတွင်း မတော်တဆမှုများကြောင့် မိုင်းလုပ်သား ၁၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း Vinacomin က ယမန်နှစ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly