ဧရာဝတီတိုင်​း​ဒေသကြီးစည်ပင် အကြွေးပိနေ၍ အစိုးသစ်ထံ တိုင်ကြား

ဧရာဝတီတိုင်​း​ဒေသကြီးစည်ပင် အကြွေးပိနေ၍ အစိုးသစ်ထံ တိုင်ကြား
ယခင်တိုင်းအစိုးရမှ ဘတ်ဂျက်ချထားပေးခြင်းမရှိဘဲ ဆောက်လုပ်ရန်ညွှန်ကြားထားသည့် ရေအိမ်ကို ဧပြီ ရရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - စည်သူမောင်မောင်

ယခင်အစိုးရက ဘတ်ဂျက်ချထားပေးခြင်းမရှိဘဲ လုပ်ငန်းများတည်ဆောက်ရန် ညွှန်ကြားထားသည့်အတွက် လုပ်ငန်းဖော်ဆောင်ရာတွင် အကြွေးများပိနေ၍ တိုင်းအစိုးရသစ်မှ ဖြေရှင်းပေးရန် တိုင်ကြားစာပို့ထားကြောင်း စည်ပင်သာယာမှ အင်ဂျင်နီယာမှူးဦးရဲဝင်းအောင်က မဇ္ဈိမသို့ပြောသည်။

"ကျွန်တော် ဌာနကို အရင်တိုင်းအစိုးရက ကမ်းနားရေပေါ်ဈေးတိုးချဲ့ဆောင်နှင့် သန့်စန်ခန်းတို့ ဆောက်လုပ်ပေးရန် ညွန်ကြားတယ်၊ဆောက်လုပ်ပြီးတော့ ဘက်ဂျက်လည်းချထားပေးတာမရှိဘူး ၊အခက်အခဲတွေဖြစ်နေတယ် အကြွေးသမားတွေကတောင်းနေပြီး"ဟု ၎င်းကပြောသည်။

ပုသိမ်မြို့၊ကမ်းနားလမ်းရှိရေပေါ်ဈေးတိုးချဲ့ဆောင်နှင့်သန့်စန်ခန်းအား ၂၀၁၅ခုနှစ် မေတွင်စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၅ခုနှစ်နိုဝင်ဘာလ တွင်ဆောက်လုပ်ပြီးစီးခဲ့ကြောင်း၊ ရေပေါ်ဈေးအတွက် ကုန်ကျစရိတ်သိန်း၇၀၀ကျပ်၊သန့်စန်ခန်းအတွက်ကုန်ကျစရိတ်သိန်း၈၀၀ကျပ်ကုန်ကျကြောင်းသိရှိရသည်။

"သူတို့ ဆောက်လုပ်ကုန်ကျစရိတ်မရှင်းပဲ ဖွင့်ပွဲလုပ်တော့ ၁၆သိန်းလောက်ကုန်သေးတယ်၊၂၀၁၆/၁၇ ဘက်ဂျက်မှာလည်းမပါဘူး "  ဟု ၎င်းကဆိုသည်။

"သူတို့ခိုင်းလို ကျွန်တော်တို့စည်ပင်သာယာကတာဝန်ခံပြီးဆောက်လုပ်ပေးတယ်၊သူတို့ကတာဝန်ယူရမယ် ကုန်ကျစရိတ်ကျတော့တာဝန်ယူမှုမရှိဘူး၊အကြွေးတွေကို ဆောက်လုပ်ရေးပစ္စည်းဆိုင်တွေက ယူထားတယ်၊ပြင်ပပုဂ္ဂိုလ်တွေကချေးရတာတွေကော၊လုပ်အားခတွေကောမရှင်းရသေးဘူး၊အခု တာဝန်မယူပဲခဲ့ဘူး"ဟု ပုသိမ်မြို့စည်ပင်သာယာရေးအဖွဲ့မှ တည်ဆောက်ရေးတာဝန်ခံမှ ဦးရဲဝင်းအောင်က ပြောသည်။

တိုင်ကြားစာတွင် "စည်ပင်အနေဖြင့် မိမိငွေကြေးဖြင့်မလုပ်ထားသကဲ့သို့ အစိုးရ၏ စိုက်ထုတ်ငွေဖြင့်လုပ်ထားခြင်းမရှိပါသဖြင့် ယင်းလုပ်ငန်းများ၏ ငွေကြေးပေးချေမှုအား ပုံမှန်နည်းအားဖြင့် မဆောင်ရွက်နိုင်ပါက အများသုံးသန့်စင်ခန်းကို B.O.Tစနစ်ဖြင့် နှစ်ရှည်အဌားချထားမည်ဆိုပါက ပြဿနာပြေလည်စွာဖြေရှင်းနိုင်ကြောင့်နှင့် စည်ပင်အနေဖြင့်ဝန်ထုပ်ဝန်ပိုးလျော့သွားမည်ဟု"ထည့်သွင်း တင်ပြထားသည်။

ရေပေါ်ဈေးပင်မနေရာ တည်ဆောက်ကုန်ကျငွေအား တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေမှကျခံသုံးစွဲခဲ့ပြီး၊တိုးချဲ့နေရာအတွက် ပထမအကြိမ် တိုင်းအစိုးရမှရှင်းလင်းမှုမရှိ၍ ဒုတိယအကြိမ်တိုင်းအစိုးရမှဖြေရှင်းပေးပါရန် တိုင်ကြားစာတွင်ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly