စစ်ကောင်စီက အီလက်ထရောနစ်မဲပေးစက်ဖြင့် စမ်းသပ်မဲပေးတာတွေလုပ်ဆောင်နေ

စစ်ကောင်စီက အီလက်ထရောနစ်မဲပေးစက်ဖြင့် စမ်းသပ်မဲပေးတာတွေလုပ်ဆောင်နေ

အာဏာသိမ်းစစ်ကောင်စီဟာ လာမယ့်ရွေး ကောက်ပွဲမှာ အီလက်ထရောနစ်မဲပေးစက်တွေအ သုံးပြုဖို့ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က အီလက်ထရွန်နစ်မဲပေးစက်အကြောင်း ဝန်ကြီးဌာနတွေကို ရှင်းလင်းပြသတာနဲ့ စမ်းသပ်မဲပေးတာတွေကိုဩဂုတ်လ ၁၄ ရက်မှာပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ဟာ ပြီးခဲ့တဲ့ခြောက်လလောက်ကတည်းက မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုတဲ့ စက်ကရိယာကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံပြသခဲ့တာလည်းဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ဒီမဲပေးစက်တွေကို လာမယ့်ရွေးကောက်ပွဲမှာ ပြောင်းလဲ အသုံးပြုဖို့ရှိတယ်လို့ မီဒီယာတချို့ကို ပြောပါတယ်။

အဲဒီမဲပေးစက်ဟာ ပြည်တွင်းမှာ ထုတ် လုပ်တာဖြစ်တယ်လို့လည်း စစ်ကောင် စီကဆိုထားပြီး ဘယ်နိုင် ငံရဲ့ အကူအညီနဲ့ ထုတ်လုပ်တယ်ဆိုတာကိုတော့ ထုတ်မပြောထားပါဘူး။

လက်ရှိမှာ အီလက်ထရောနစ် မဲပေးစက်‌တွေအသုံး ပြုပြီး ရွေးကောက်ပွဲကျ င်းပနေတဲ့ နိုင်ငံဟာ အိန္ဒိယအပါအဝင် နိုင်ငံပေါင်း ၅၀ ဝန်းကျင်သာ ရှိသေးတယ်လို့ သိရပါတယ်။

မဲရုံတွေအများအပြားဖွင့်ပြီး မဲကောက်ဖို့အခက်အခဲရှိနိုင်တဲ့မတည်ငြိမ်တဲ့ ဒေသတွေမှာ အဲဒီစက်ကို အ သုံးပြုလာနိုင်တယ်လို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။

စစ်ကောင်စီဟာ မဲစာရင်းပြုစုနိုင်ဖို့အ တွက်ကနဦးလူဦးစာရင်းကောက်ယူတာတွေကို ပြုလုပ်ထားပြီး လက်ရှိမှာ ပြန် လည်စစ်ဆေးနေတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောထားပါတယ်။

မဲစာရင်းအကြောင်းပြကာ အရပ်သားအစိုးရလက်ထဲကနေ အာဏာသိမ်းယူခဲ့တဲ့ စစ်တပ်ဟာ အာဏာ သိမ်းချိန်ကတည်းက ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေ လုပ်နေခဲ့ပေမယ့် အဆင်သင့်မဖြစ်နိုင်သေးတာကြောင့် အရေးပေါ်ကာလတွေကို တစ်ခုပြီးတစ်ခုထပ်တိုးယူနေရတာလည်းဖြစ်ပါတယ်။

အဲဒီလို အရေးပေါ်ကာလ ထပ်တိုးယူတာဟာစစ်တ ပ်ကိုယ်တိုင် ကိုင်စွဲထားတဲ့အခြေခံဥပ‌ဒေနဲ့ ညီညွှတ်မှုမရှိသလို အာဏာသိမ်းခဲ့တာဟာလည်း အခြေခံဥပဒေနဲ့ မညီဘူးလို့ ဥပဒေပညာရှင်တွေက ထောက်ပြ ပြောဆိုထားကြပါတယ်။

ဒါပေမယ့် အာဏာသိမ်းစစ်တပ်လက် အောက်ခံ ဖွဲ့ စည်းပုံအခြေခံဥပဒေခုံရုံးကတော့ ဒါဟာ အခြေခံဥပဒေနဲ့ညီတယ်လို့ ပြောဆိုပါတယ်။

ဩဂုတ် ၁၅ ရက်နေ့ကလည်း ကုလသမဂ္ဂရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အကြီးအကဲဖြစ်သူ မာတင်ဂရစ်ဖစ်နဲ့ စစ်ခေါင်း ဆောင်တို့ တွေ့ဆုံခဲ့ကြပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲတွေ အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် စစ်တပ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံတော်တာဝန်တွေကို ထမ်းဆောင်ခဲ့တဲ့ အခြေအနေတွေကို တင်ပြခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။

စစ်ခေါင်းဆောင်ဟာ အာဏာသိမ်းပြီးကတည်းက ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရပါတီကို အာဏာပြန်လွှဲပေးမယ်လို့ ပြောခဲ့ပေမယ့် အခုဆို အရေးပေါ်ကာလသက်တမ်းထပ်တိုးပြီး အာဏာဆက်ယူထားတာ သုံးနှစ်ပြည့်တော့မှာလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly