လူအယောက် တစ်ရာတွင် ၁၀ ယောက် ဆီးချိုသွေးချို ရောဂါဖြစ်ပွားနေ

လူအယောက် တစ်ရာတွင် ၁၀ ယောက် ဆီးချိုသွေးချို ရောဂါဖြစ်ပွားနေ
ဓာတ်ပုံ - နေသာ

နေပြည်တော်၊ ဧပြီ ။               ။ မြန်မာနိုင်ငံ၏ ဆီးချိုသွေးချို ရောဂါဖြစ်ပွားမှုနှုန်းနှင့် မကူးစက်နိုင်သောရောဂါဖြစ်ပွားမှုအကြောင်း စစ်တမ်းအရ လူအယောက်တစ်ရာတွင် ဆီးချိုသွေးချို ရောဂါဖြစ်ပွားမှုနှုန်း လူ (၁၀.၅) ယောက်ခန့်ဖြစ်နေသည်ကို တွေရှိရ ကြောင်း ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။

ကမ္ဘာ့ကျန်းမာရေးနေ့အခမ်းအနားကို နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဧပြီ ၇ ရက်နေ့နံနက်က ကျင်းပရာတွင် ပြည်ထောင်စုဝန်ကြီးကိုယ်စား ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ အသက် (၂၅) နှစ်မှ (၆၄) နှစ်အတွင်းဆီးချိုသွေးချိုရောဂါ ဖြစ်နှုန်းမှာ လူအယောက် ၁၀၀ တွင် (၁၀.၅) ခန့်ဖြစ်နေတာကို တွေ့ရှိရပါတယ် ။ဒီဖြစ်ပွားမှုနှုန်း နဲ့တွက်ချက်ကြည့်ရင် မြန်မာနိုင်ငံမှာ ဆီးချိုသွေးချို ရောဂါဖြစ်ပွားနေ သူပေါင်း (၂.၅) သန်းခန့်ဖြစ်ပွားနေတာကိုခန့်မှန်းနိုင်ပါတယ် ” ဟု အမြဲတမ်းအတွင်းဝန် ကပြောသည်။

ယခု ၂၀၁၆ ခုနှစ် ကမ္ဘာ့ကျန်းမာရေးနေ့ဆောင်ပုဒ်မှာ “ ကျန်းမာစေသည့် လူနေမှုဘ၀ ၊ နေ့စဉ်ရွေးချယ်နေထိုင်မှ ဆီးချိုသွေးချို ကင်းဝေးရ ” ဟု ဆိုသည့် ဆောင်ပုဒ်ဖြစ်ပြီး ၂၀၃၀ခုနှစ်တွင် ယင်းရောဂါကြောင့် ကမ္ဘာတစ်ဝှမ်း သေဆုံးမှုမှာ အဆင့် ၇ ရောက်လာနိုင်သည်ဟုခန့်မှန်းထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ထုတ်ပြန်ထားသည်။

“ ၂၀၃၀ မှာဆီးချိုသွေးချိုကြောင့် ရောဂါကြောင့် သေဆုံးမှုနှုန်းဟာ အဆင့် (၇) နေရာကို ရောက်လိမ့်မယ်လို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ခန့်မှန်းထားပါတယ် ” ဟု အမြဲတမ်းအတွင်းဝန်ကဆိုသည်။

ဆီးချိုသွေးချိုရောဂါသည် ကမ္ဘာတစ်ဝှမ်းတွင် ကပ်ရောဂါတစ်ခုကဲ့သို့လျင်မြန်စွာ တိုးပွားများပြားလျှက်ရှိကာ အလယ်အလတ်ဝင်ငွေနည်းပါးသည့် နိုင်ငံများတွင် ၂၀၀၈ ခုနှစ်ကပင် ဆီးချိုသွေးချို ရောဂါဖြစ် ပွားသူဦးရေ (၃၄၇) သန်းခန့်ရှိနေကာ (၂၀၁၂) ခုနှစ်အရောက်တွင် ယင်းရောဂါကြောင့်တစ်နှစ်လျှင် သေဆုံးသူလူဦးရေ (၁.၅) သန်းခန့်ရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးနေ့အခမ်းအနားမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly