iHeartRadio ဆုပေးပွဲတွင် အောင်ပွဲခံခဲ့တဲ့ တေလာဆွဇ်

iHeartRadio ဆုပေးပွဲတွင် အောင်ပွဲခံခဲ့တဲ့ တေလာဆွဇ်

ပေါ့အဆိုတော် တေလာဆွဇ်သည် iHeartRadio Awards ဆုပေးပွဲတွင် ၎င်း၏ ရောင်းအားအကောင်းဆုံး တေးအယ်လ်ဘမ် “ 1989” ဖြင့်  တစ်နှစ်တာအကောင်းဆုံး တေးအယ်လ်ဘမ်ဆု၊ တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီးအဆိုရှင်ဆု၊  Best tour ဆု နှင့် Best Meme-abel Moment ဆုတို့ အပါအဝင် ဆုလေးဆုကို ဆွတ်ခူးခဲ့ပြီး ဆုအများဆုံး သိမ်းပိုက်ခဲ့သည်။

ဂျက်စတင်ဘီဘာသည်  တစ်နှစ်တာ အကောင်းဆုံး အမျိုးသား တေးသံရှင်ဆု၊ စကားလက်ဇ်နှင့် ဒစ်ပလိုတို့နှင့်အတူ သီဆိုထားသော ၎င်း၏တေးသီချင်း “ Where Are U Now” ဖြင့်  Dance song of the year ဆုကို ရရှိခဲ့သည်။ ဂျက်စတင်၏ ပရိတ်သတ်များသည် Best Fan Army award ဆုကိုလည်း ရရှိခဲ့သည်။

အဆိုတော် ခရစ္စဘရောင်းသည်  တစ်နှစ်တာ အကောင်းဆံုံး R&B အဆိုတော်ဆုကို ရရှိခဲ့သည်။ တေလာ၏ ချစ်သူ ဒီဂျေသမား ကာလ်ဗင်ဟာရစ်သည်  Best Dance Artist ဆုကို ဆွတ်ခူးခဲ့သည်။

ရော့ခ်တေးဂီတအဖွဲ့ U2 အဖွဲ့၏ အဆိုတော် ဘိုနိုနှင့် ဂစ်တာပညာရှင် The Edge တို့သည် အထူးဆုကို ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly