ဂီတဆုပေးပွဲတွင် အဆိုတော် ဂျပ်စတင်တင်း(မ်)ဘားလိပ်(ခ်) က ဒေါ်နယ်ထရမ့်(ပ်)အား သရော်

ဂီတဆုပေးပွဲတွင် အဆိုတော် ဂျပ်စတင်တင်း(မ်)ဘားလိပ်(ခ်) က ဒေါ်နယ်ထရမ့်(ပ်)အား သရော်

အမေရိကန် အဆိုတော်နှင့် သရုပ်ဆောင်ဖြစ်သူ ဂျပ်စတင်တင်း(မ်)ဘားလိပ်(ခ်) [Justin Timberlake] သည် iHeartRadio ဂီတဆုပေးပွဲတွင် တေလာဆွစ်(ဖ်)(ထ်) [Taylor Swift] အတွက် Best Tour ဂီတဆု ပေးအပ်ရာတွင်၊ ရီပတ်ဘလစ်ကန် သမ္မတလောင်းနေရာအတွက် ယှဉ်ပြိုင်လျက်ရှိသော ဒေါ်နယ်ထရမ့်(ပ်)အား ဟာသလုပ် ပြောဆိုခဲ့သည်။

တေလာဆွစ်(ဖ်)(ထ်) ၏ အနုပညာ၊ ပါရမီနှင့် “အတားအဆီးများ” ကို ဖယ်ရှားကျော်လွှားရေး စိတ်ပိုင်းဖြတ်မှှုကို တင်း(မ်)ဘားလိပ်(ခ်) က ချီးကျူးရင်း “တချို့လူတွေတော့ အတားအဆီး နံရံတွေကို တည်ဆောက်ဖို့ ကြိုးစားနေကြပါတယ်” ဟု ဒေါ်နယ်ထရမ့်(ပ်)အား သရော်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံခြားသားများ နယ်စပ်မှ ဝင်ရောက်မှှုကို တားဆီးရန်အတွက် နယ်စပ်တွင် တံတိုင်းများ တည်ဆောက်မည်ဟု ဒေါ်နယ်ထရမ့်(ပ်)က ပြောကြားခဲ့ခြင်းကို ဂျပ်စတင် တင်း(မ်)ဘားလိပ်(ခ်)က ရည်ညွှန်း သရော်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင်မူ “ဒါဟာ နိုင်ငံရေး ပြက်လုံးတစ်ခုပါ”ဟု တင်း(မ်)ဘားလိပ်(ခ်)က ဆိုခဲ့သည်။

တင်း(မ်)ဘားလိပ်(ခ်)၏ သရော်မှှုကို ပရိသတ်များ ပွဲကျသွားခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly