ဝေဖန်အငြင်းပွားမှု များပြားခဲ့သော ဟောင်ကောင်ရုပ်ရှင် Ten Years ဇာတ်ကား အာရှထိပ်တန်း ရုပ်ရှင်ဆု ဆွတ်ခူး

ဝေဖန်အငြင်းပွားမှု များပြားခဲ့သော ဟောင်ကောင်ရုပ်ရှင် Ten Years ဇာတ်ကား အာရှထိပ်တန်း ရုပ်ရှင်ဆု ဆွတ်ခူး

ဟောင်ကောင်၊ ဧပြီ ၄ ။                 ။ တရုတ်ပြည်မကြီး၊ ဘေဂျင်းမြို့၏ ထိန်းချုပ်မှုအောက် ကျရောက်စဉ် ဟောင်ကောင်၏ မျှောင်လင့်ချက်မဲ့ အနာဂတ်ကို သရုပ်ဖော် ရိုက်ကူးထားပြီး အများဝေဖန်ခံရမှု များစွာရှိခဲ့သည့် ဟောင်ကောင်ရုပ်ရှင် Ten Years ဇာတ်ကားသည် အာရှအကောင်းဆုံး ရုပ်ရှင်ဆုတစ်ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

စရိတ်နည်းပြီး လွတ်လပ်စွာ ရိုက်ကူးခဲ့သော အဆိုပါ ရုပ်ရှင်ကို ဟောင်ကောင်တွင် ရုံပြည့်ရုံလျှံ ပြသခဲ့သော်လည်း တရုတ်ပြည်မကြီးတွင်မူ ပြသခွင့် ပိတ်ပင်ခံခဲ့ရသည်။

၂၀၂၅ ခုနှစ်တွင် ဇာတ်အိမ်တည်ထားသော အဆိုပါ ရုပ်ရှင်တွင် နိုင်ငံရေး အင်အားစုများနှင့် ပြည်သူများ မန်ဒရင်း ဘာသာမဟုတ်ပဲ ကန်တုံဘာသာဖြင့် ပြောဆိုမှုကြောင့် ညှင်းပန်း နှိပ်စက်ခံရမှုများ အကြောင်းကို အဓိက သရုပ်ဖော် ရိုက်ကူးထားသည်။

ဟောင်ကောင်အရေးကိစ္စများတွင် ကွန်မြူနစ်ပါတီ၏ ဝင်ရောက်စွက်ဖက်မှုများကို သတိပြုမိလာ၍့ နိုင်ငံတွင်း စိုးရိမ်မှု များပြားချိန်တွင် ယင်းရုပ်ရှင်ကို ပြသခဲ့ခြင်း ဖြစ်သည်။

ဇာတ်ကောင်စရိုက် ငါးမျိုးဖြင့် အဓိက ရိုက်ကူးထားသည့် Ten Years ဇာတ်ကားသည် တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် ၃၅ ကြိမ်မြောက် ဟောင်ကောင်ရုပ်ရှင်ဆုပေးပွဲတွင် အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု ကို ရရှိခဲ့သည်။

"Ten Years ရုပ်ရှင်ဇာတ်ကားက ဟောင်ကောင်ပြည်သူတွေရဲ့ တရုတ်ပြည်မကြီးအပေါ် ကြောက်ရွံ့မှုကို မီးမောင်းထိုးပြခဲ့ပါတယ်" ဟု အဆိုပါ ရုပ်ရှင်ကို ရိုက်ကူးခဲ့သော ဒါရိုက်တာများထဲက တစ်ဦးဖြစ်သည့် ဒါရိုက်တာ Chow Kwan Waiက ပြောသည်။

ပြည်သူအများစုရဲ့ ရင်ထဲ၌ အနိုင်ရသွားသော ခံစားချက်တွေကို ပဲ့တင်ထပ်စေခဲ့သည့် ဤရုပ်ရှင်ကားသည် ဟောင်ကောင်အတွက် အရေးပါပြီး အဆိုပါဆုသည် အံ့သားသင့်ဖွယ်တစ်ခုအဖြစ် ၎င်းတို့ထံ ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ထုတ်လုပ်သူ Andrew Choiက ဘီဘီစီကို ပြောသည်။

ယင်းရုပ်ရှင်သည် ဟောင်ကောင် ရုပ်ရှင်ထုတ်လုပ်သူများ၏ ကြိမ်ဖန်များစွာ အလှည့်ကျ မဲပေးမှုများ အပြီး ဆုရရှိခဲ့ခြင်းဖြစ်ပြီး ဆုရွေးချယ်ရေးလုပ်ငန်းစဉ်၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါ ရုပ်ရှင်တွင် အရွယ်ရောက်ပြီးသူများကို တင်းကျပ်သည့်ထိန်းချုပ်မှုအတွင်း ကလေးသူငယ်များ၊ တရုတ်ပြည် တပ်နီလူငယ်အဖွဲ့များ၏ ကြမ်းကြုတ်သော ၁၉၆၆-၇၆ ယဉ်ကျေးမှု တော်လှန်ရေးကို ပြန်လည် မြင်ယောင်မှုများနှင့် ဗြိတိန်သံရုံးရှေ့တွင် မိန်းမအိုတစ်ဦး ကိုယ့်ကိုယ်ကိုယ် မီးရှို့ခြင်း စသည့်ပြကွက်များ ပါဝင်သည်။

တရုတ်အစိုးရ ချုပ်ကိုင်ထားသည့် Global Times သတင်းစာက ၎င်းဇာတ်ကားအား "တွေးခေါ်မှု ပယောဂပိုး"ဟု ဖော်ညွှန်းထားသည့် အာဘော်ကို ဇန်နဝါရီလက ရေးသားဖော်ပြခဲ့သည်။

အဆိုပါရုပ်ရှင်ကို လွတ်လပ်စွာ ဆက်လက်ပြသမည်ဖြစ်သော်လည်း မကြာသေးမီ အချိန်တွင် ဟောင်ကောင် ရုပ်ရှင်ရုံများတွင် ပြသမှု ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။ ယင်းရုပ်ရှင်ကို အကန့်အသတ်ဖြင့် ထုတ်ဝေမှုများ သု့ိမဟုတ် ထိုင်ဝမ်၊ စင်ကာပူ၊ အမေရိကန်နှင့် အီတလီ ရုပ်ရှင်ပွဲတော်များတွင် ပြသမှုများ ပြုလုပ်သွားရန်လည်း ရည်ရွယ်ထားကြောင်း သိရသည်။

အဆိုပါရုပ်ရှင် ထုတ်လုပ်သူများသည် တရုတ်ပြည်မကြီးသို့ ဖြန့်ချိနိုင်ရန် မကြိုးပမ်းသည့်အပြင် အဆိုပါ ဆုပေးပွဲ အခမ်းအနားကိုလည်း ပြည်မကြီး၌ ထုတ်လွှင့်ပြသခဲ့ခြင်း မရှိပေ။ ဘီဘီစီ ကမ္ဘာ့သတင်း များတွင် အဆိုပါ ဆုပေးပွဲ အခမ်းအနားသတင်း ပါလာသော်ငြားလည်း တရုတ်ပြည်မကြီးတွင် ယင်းသတင်းကို ဆင်ဆာဖြတ်တောက်၊ အမှောင်ချခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly