သမ္မတနှင့် ပြည်နယ်ဝန်ကြီးချုပ်ကို ဂုဏ်ပြုထောက်ခံပွဲ စစ်တွေတွင် ပြုလုပ်

သမ္မတနှင့် ပြည်နယ်ဝန်ကြီးချုပ်ကို ဂုဏ်ပြုထောက်ခံပွဲ စစ်တွေတွင် ပြုလုပ်

စစ်တွေ၊ ဧပြီ ၃ ရက် ။ ။ နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် ရခိုင်ပြည်နယ် ဝန်ကြီးချူပ် ဦးညီပုတို့အား ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားတစ်ရပ်ကို ဧပြီ ၃ ရက်တွင် စစ်တွေမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးခန်းမှာ ပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားကို စစ်တွေခရိုင်မှ NLD ပါတီခေါင်းဆောင်များနှင့် စစ်တွေမြို့နယ်ရှိ နိုင်ငံရေးအသိုင်းအဝန်းများ အင်အား ၅၀ ခန့်က တက်ရောက်ခဲ့ကြပါတယ်။

"မြန်မာ့နိုင်ငံရေးသမိုင်း နှစ်ပေါင်း ၅၀ အတွင်းမှာ ပထမဦးဆုံး အရပ်သား သမ္မတ စစ်စစ် ဖြစ်လာတာရယ်၊ ရခိုင်ပြည်နယ်အတွက် တကယ့်နိုင်ငံရေးသမားစစ်စစ် တစ်ယောက်က ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ဖို့ အခွင့်အရေးရလာတာတွေအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ကို ထောက်ခံတဲ့ ရခိုင်ပြည်နယ်သူ၊ ပြည်နယ်သားတွေကိုယ်စား ခုလို ဝမ်းမြောက်ကြိုဆိုပွဲ အခမ်းအနားပြုလုပ်ရတာဖြစ်ပါတယ်။" ဟု စစ်တွေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် အတွင်းရေးမှူး ဦးစံရွှေက မဇ္ဈိမကို ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ပြည်နယ်ဝန်ကြီးချူပ်တို့အား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကို မတ်လ ၃၀ ရက်က ရခိုင်ပြည်နယ် တောင်ပိုင်းဒေသတချို့တွင် ပြုလုပ်ခဲ့ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများတွက် ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးစံရွှေက ဆက်လက်ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly