အမေရိကန် အွန်လိုင်းမူပိုင်ခွင့် ထိပါးခြင်း ဥပဒေကို ပြင်ဆင်ရေးဆွဲပေးရေး တေးဂီတ ကြယ်ပွင့်များ ကြိုးပမ်း

အမေရိကန် အွန်လိုင်းမူပိုင်ခွင့် ထိပါးခြင်း ဥပဒေကို ပြင်ဆင်ရေးဆွဲပေးရေး တေးဂီတ ကြယ်ပွင့်များ ကြိုးပမ်း

လော့စ်အိန်ဂျလိစ်၊ ဧပြီ ၂ ။             ။ ကေတီပယ်ရီ၊ ဘရာရမ်အဒမ်နှင့် ခရစ္စတီးနား အဂူလာရာတို့သည်  အမေရိကန်အွန်လိုင်း မူပိုင်ခွင့် ထိပါးခြင်း ဥပဒေကို ပြင်ဆင်ရေးဆွဲပေးရေးနှင့် စပ်လျဉ်း၍ ဥပဒေပြုအမတ်များကို ဖိအားပေးခဲ့ သည့် တေးဂီတအဆိုတော် ရာပေါင်းများစွာတွင် ပါဝင်ခဲ့သည်။

တေးဂီတကြယ်ပွင့်များသည် ဗဟိုအစိုးရအဖွဲ့၏ အမေရိကန် မူပိုင်ခွင့်ရုံး လေ့လာသုံးသပ်မှု မတိုင်မီ ၎င်းတို့၏ ထင်မြင်ချက်များကို တင်သွင်းခဲ့ခြင်း ဖြစ်သည်။

လက်ရှိ အင်တာနက်ကုမ္ပဏီများသည် ၎င်းတို့၏ အသုံးပြုသူများ အွန်လိုင်းအကြောင်းအရာ များကို တရားမဝင် မျှဝေခြင်းများ လုပ်ဆောင်ခဲ့ပါက ကာကွယ်မှုများ ပေးနေကြောင်းနှင့် ယင်းက နည်းပညာကုမ္ပဏီများသည် အမြတ်အစွန်း အများအပြား ရရှိရေးအတွက် ခွင့်ပြုထားခြင်းဖြစ်ကြောင်း တေးဂီတလုပ်ငန်းက ပြောကြားသည်။

အနုပညာရှင်များ၊ သီချင်းရေးဆရာများနှင့် တေးဂီတကုမ္ပဏီ စုစုပေါင်း ၄၀၀ ခန့်က သတ်မှတ် ထားသော ရက်မတိုင်မီ ဧပြီ ၁ ရက်က ထင်မြင်ချက်များကို တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် တေးသံသွင်းလုပ်ငန်း အဖွဲ့အစည်း ( RIAA)က ပြောကြားသည်။

၁၉၉၈ ခုနှစ်က ရေးဆွဲခဲ့သော ဒစ်ဂျစ်တယ် ထောင်စုနှစ် မူပိုင်ခွင့် အက်ဥပဒေ (DMCA) က အွန်လိုင်းပေါ်တွင် ဉာဏ်ပညာဖြင့် တီထွင်ဖန်တီးထားသော တေးသီချင်းမူပိုင်ခွင့်ကို ကာကွယ်ပေး ထားသည်။ RIAA က DMCA သည် ယနေ့ခေတ်နှင့် ကိုက်ညီမှုမရှိတော့ကြောင်း ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly