ဇေယန်မာလစ်ခ်၏ “Mind of Mine” တေးအယ်လ်ဘမ် ဗြိတိန် တေးအယ်လ်ဘမ် ဇယားတွင် ထိပ်ဆုံးမှ ရပ်တည်

ဇေယန်မာလစ်ခ်၏ “Mind of Mine” တေးအယ်လ်ဘမ် ဗြိတိန် တေးအယ်လ်ဘမ် ဇယားတွင် ထိပ်ဆုံးမှ ရပ်တည်

နယူးယော့ခ်၊ ဧပြီ ၂ ။           ။ One Direction အဖွဲ့ဝင်ဟောင်း ဇေယန်မာလစ်ခ်သည် ၎င်း၏ တစ်ကိုယ်တော် တေးသီချင်း အယ်လ်ဘမ် “Mind of Mine” ဖြင့် ဗြိတိန် တေးအယ်လ်ဘမ်ဇယားတွင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိ သည်။ ဇေယန်၏ “Mind of Mine” တေးအယ်လ်ဘမ်သည် အချပ်ရေ ၄၀၀၀ ကျော် ရောင်းချခဲ့ရ ကြောင်းနှင့် အဒဲလ်၏ “25” တေးအယ်လ်ဘမ်သည် နံပါတ် ၂ နေရာတွင် ရပ်တည်ခဲ့သည်။

”ကျွန်တော် တစ်ကိုယ်တော်အဆိုတော်အဖြစ် အောင်မြင်မှုတွေရရှိအောင် လုပ်နိုင်မယ်လို့ မယုံကြည်ခဲ့ဘူး။ ကျွန်တော့်မွေးရပ်နိုင်ငံမှာ အခုလို အောင်မြင်မှုရရှိခဲ့တဲ့အတွက် ကျွန်တော် အရမ်းကို ဂုဏ်ယူမိပါတယ်။ ဒါဟာ ကျွန်တော်အတွက်တော့ အရမ်းကို အံ့သြမိပါတယ်။ အသက် ၃၂ နှစ် အရွယ်မှာ အရမ်းကို ကွဲပြားခြားနားနေပါတယ်” ဟု ဇေယန်က ပြောကြားခဲ့သည်။

အဆိုတော် ဂျိုးဘိုနာမက်ဆာ၏ “ Blues of Desperation” တေးအယ်လ်ဘမ်သည် နံပါတ် ၃ နေရာတွင် ရပ်တည်နေပြီး အသက် ၁၉နှစ်အရွယ် ဘရက်ဒီ၏ “ Beautiful Lies” တေးအယ်လ်ဘမ် သည် နံပါတ် ၄ နေရာတွင် ရပ်တည်နေသည်။

ဂျက်စတင်ဘီဘာ၏ “Purpose” တေးအယ်လ်ဘမ်သည် နံပါတ် ၅ နေရာတွင် ရပ်တည်နေပြီး ယခုအခါ ဘီဘာ၏ အဆိုပါ တေးအယ်လ်ဘမ်သည် သီတင်းပတ် ၂၀ ဆက်တိုက် ထိပ်တန်း ငါးနေရာ တွင် ရပ်တည်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly