ကိုရီးယား ခရီးသွားလုပ်ငန်း သံတမန်အဖြစ် ရွေးချယ်ခံရတဲ့ ဆောင်ဂျောင်ကီ

ကိုရီးယား ခရီးသွားလုပ်ငန်း သံတမန်အဖြစ် ရွေးချယ်ခံရတဲ့ ဆောင်ဂျောင်ကီ

ဆိုးလ်၊ ဧပြီ ၂ ။             ။ “Descendants of the Sun” မင်းသား ဆောင်ဂျောင်ကီသည် ကိုရီးယား ခရီးသွားလုပ်ငန်း သံတမန်အဖြစ် ရွေးချယ်ခံခဲ့ရသည်။

တောင်ကိုရီးယား ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ဆောင်ဂျောင် ကီသည် ကိုရီးယားခရီးသွားလုပ်ငန်း ကြော်ငြာများတွင် ပါဝင် သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဧပြီ ၁ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

ကိုရီးယား ခရီးသွားလုပ်ငန်း ကြော်ငြာများကို ဂမ်ဝမ်းပြည်နယ်အတွင်းရှိ ထေးဘတ်ခ်မြို့နှင့် ဂျောင်ဆောင်ခရိုင် အပါအဝင် ဆောင်ဂျောင်ကီ၏ အောင်မြင်မှုရရှိထားသော ဒရမ်မာဇာတ်ကား “Descendants of the Sun” ရိုက်ကူးခဲ့သော နေရာများတွင် ရိုက်ကူးသွားမည် ဖြစ်သည်။

ဆောင်ဂျောင်ကီသည် ပြည်ပရုပ်မြင်သံကြားနှင့် ပုံနှိပ်ကြော်ငြာများတွင်လည်း ပါဝင် သရုပ် ဆောင်မည်ဖြစ်ပြီး ယင်းကြော်ငြာများက ကိုရီးယားနိုင်ငံ၏ အကြောင်းကို ကိုယ်တိုင်ခံစားနိုင်စေရန် ခရီးသွားများကို ဆွဲဆောင်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly