Miss Myanmar World 2016 ပြိုင်ပွဲ အတွက် ပြိုင်ပွဲဝင် လျှောက်လွှာ စတင် စာရင်းပေးသွင်းနိုင်ပြီ

Miss Myanmar World 2016 ပြိုင်ပွဲ အတွက် ပြိုင်ပွဲဝင် လျှောက်လွှာ စတင် စာရင်းပေးသွင်းနိုင်ပြီ

ရန်ကုန်၊ ဧပြီ ၁ ။           ။ Forever BEC-Tero မှ ဦးစီး ကျင်းပလျက်ရှိသည့် တတိယအကြိမ်မြောက် Miss Myanmar World 2016 ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင် လျှောက်လွှာများကို Miss Myanmar World Official Facebook တွင် Online Registration ပြုလုပ်နိုင်ပြီ ဖြစ်သည်။

ကမ္ဘာ့ အလှမယ်ပြိုင်ပွဲများတွင် အကြီးကျယ်ဆုံးပြိုင်ပွဲ တစ်ခုဖြစ်သည့် မယ်ကမ္ဘာ ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ရန် နိုင်ငံကိုယ်စားပြု အလှမယ် ရွေးချယ်ပွဲကို ပထမဆုံး အကြိမ်အဖြစ် Forever BEC-Tero မှ ၂၀၁၄ ခုနှစ်တွင် စတင် ပြုလုပ်ခဲ့သည်။

Miss Myanmar World 2016 ပြိုင်ပွဲ အတွက် ပြိုင်ပွဲဝင် လျှောက်လွှာများကို စတင်လျှောက်ထားနိုင်ပြီဖြစ်ပြီး ဧပြီ လ ၂၀ ရက်တွင် ဖောင်ပိတ်သွားမည်ဖြစ်သည်။ လူတွေ့စစ်ဆေးမှုများကို ဧပြီ (၂၉) ရက်မှ မေလ (၃) ရက် အထိ ပြုလုပ်သွားမည်ဖြစ်ပြီး လာရောက် လျှောက်ထားသူများထဲမှ အယောက် (၅၀)ကို ရွေးချယ်ပြီး Body Check Up များ ပြုလုပ်သွားမည်ဖြစ်သည်။

နောက်ဆုံး Final အယောက် (၂၀) ကို မေလ (၆) ရက်တွင် ရွေးချယ်သွားမည် ဖြစ်ပြီး Miss Myanmar World Organization နှင့်အတူ Activity များ ပြုလုပ်ရမည် ဖြစ်သည်။ Activity Camp ကာလအတွင်း ထိုင်းနိုင်ငံ ဘန်ကောက် နှင့် ချင်းမိုင်မြို့သို့ သွားရောက်ပြီး Activity များလည်း ပြုလုပ်ရမည် ဖြစ်သည်။

Miss Myanmar World 2016 အတွက် ရွေးချယ်ခံရသည့် အလှမယ်များသည် Miss Myanmar World 2016 ၏ activity camp ကာလအတွင်း မိမိတို့တွင်ရှိသည့် ပင်ကိုယ်စွမ်းရည် (Talent)ကို ပြိုင်ပွဲတစ်ခုအဖြစ် ယှဉ်ပြိုင်သွားရမည်ဖြစ်ပြီး Talent ပြိုင်ပွဲတွင် အမှတ်အများဆုံး ဆုရရှိသည့် ပြိုင်ပွဲဝင် အလှမယ်သည် Miss Myanmar world 2016၏ Top 10 စာရင်းသို့ အလိုအလျောက် တတ်ရောက်ခွင့်ရမည် ဖြစ်သည်။

Miss Myanmar World 2016 မှရရှိမည့် ဆုကြေးများမှာ Miss Myanmar World 2016 Winner အနေဖြင့် Phuket Pearl မှ Crown ပေးမည့် အပြင် ကျပ်သိန်း (၁၀၀)ကိုရရှိမည်ဖြစ်ပြီး 1st Runner Up ဆုရှင်က ကျပ် သိန်း (၅၀) နှင့် 2nd  Runner Up ဆုရှင်က ကျပ်သိန်း (၃၀) ရရှိမည် ဖြစ်သည်။

Miss Myanmar World 2016 Grand Final ပြိုင်ပွဲကြီးကို ဇွန်လတွင် ကျင်းပသွားမည်  ဖြစ်ပြီး Miss Myanmar World 2015 အဖြစ် ခင်ရတနာသိန်းမြင့်မှ ရွေးချယ်ခြင်းခံရပြီး အင်ဒိုးနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပခဲ့သည့် Miss World 2015 ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly