ဆောင်ဆောင်းဟွန်း( ဂျွန်စော)နှင့် လုယီဖေးတို့ လမ်းခွဲလိုက်ပြီဟူသော ကောလဟာလ သတင်းများ ထွက်ပေါ်

ဆောင်ဆောင်းဟွန်း( ဂျွန်စော)နှင့် လုယီဖေးတို့ လမ်းခွဲလိုက်ပြီဟူသော ကောလဟာလ သတင်းများ ထွက်ပေါ်

တောင်ကိုရီးယား သရုပ်ဆောင်မင်းသား ဆောင်ဆောင်းဟွန်း(ဂျွန်စော)နှင့် လုယီဖေးတို့ စုံတွဲသည် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း မကြာသေးမီက သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ဂျွန်စော၏ ဘက်မှ ယင်းသတင်းသည် အမှန်မဟုတ်ကြောင်း တုံ့ပြန်ပြောကြားခဲ့ခြင်း မရှိပေ။

“လုယီဖေးနဲ့ ဂျွန်စောတို့ လမ်းခွဲလိုက်ပြီဆိုတဲ့ သတင်းဟာ ကောလဟာလသတင်းသား ဖြစ်ပါတယ်” ဟု တရုတ်သတင်းဌာန Sina Entertainment က ပြောကြားသည်။

“ဂျွန်စောနဲ့ လုယီဖေးတို့နှစ်ဦး လမ်းခွဲလိုက်ပြီဆိုတဲ့သတင်းဟာ အမှန်မဟုတ်ပါဘူး။ သူတို့နှစ် ဦးရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်ပါတယ်။ လုယီဖေးဟာ မကြာသေးမီက ကိုရီးယားနိုင်ငံကို လာခဲ့ပြီး ဆောင်းဆောင်ဟွန်း(ဂျွန်စော)နဲ့ တွေ့ခဲ့ပါတယ်” ဟု ဆောင်းဆောင်ဟွန်း၏ အဖွဲ့ဝင်တစ်ဦးက တုံ့ပြန် ဖြေကြားခဲ့သည်။

ဂျွန်စောသည် လက်ရှိအချိန်တွင် မကြာမီထုတ်လွှင့်ပြသမည့်  SBS ရုပ်သံ၏ ဒရမ်မာဇာတ်ကား “Saimdang, the Herstory” ကို ရိုက်ကူးနေပြီး လုယီဖေးသည် တရုတ်နိုင်ငံတွင် ရုပ်ရှင်ရိုက်ကူးခြင်း ဖြင့်  အလုပ်များနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly