ကာနေးဝပ်စ်၏ တေးအယ်လ်ဘမ်သစ် အခြားတေးသီချင်း ဝန်ဆောင်မှုများတွင် နားဆင်နိုင်မည်

ကာနေးဝပ်စ်၏ တေးအယ်လ်ဘမ်သစ် အခြားတေးသီချင်း ဝန်ဆောင်မှုများတွင် နားဆင်နိုင်မည်

နာမည်ကျော် အဆိုတော် ကာနေးဝပ်စ်၏ တေးသီချင်းအယ်လ်ဘမ်သစ် “The Life of Pablo” ကို  မတ် ၃၁ ရက်မှစတင်ကာ အခြားသော တေးဂီဝန်ဆောင်မှုများတွင် ထုတ်လုပ်သွားမည် ဖြစ်သည်။

ယခင်က “The Life of Pablo” တေးအယ်လ်ဘမ်သစ်ကို ဂျေဇီး၏  Tidal တေးသီချင်း ဝန်ဆောင်မှုတွင်သာ ရရှိခဲ့သည်။ အဆိုပါ တေးအယ်လ်ဘမ်သစ်ကို Tidal တွင် တစ်လကျော်ကြာ တင်ခဲ့ပြီးနောက် ယခုအခါ Spotify ၊ Apple Music နှင့် Google Play တေးသီချင်း ဝန်ဆောင်မှုတွင် ထုတ်လွှင့်သွားမည် ဖြစ်သည်။

ကာနေး၏ သတ္တမမြောက် တေးအယ်လ်ဘမ် “I Love Kanye and Famous” မှ တေးသီချင်း နှစ်ပုဒ်ကိုလည်း အခြားသော တေးသီချင်း ဝန်ဆောင်မှုတွင် ထုတ်လွှင့်ပြီးဖြစ်သည်။ ”The Life of Pablo” တေးအယ်လ်ဘမ်ကို Tidal  တေးသီချင်း ဝန်ဆောင်မှုတွင် တင်ခဲ့ရာ ဆယ်ရက်အတွင်း ကြည့်ရှုသူ သန်း ၂၅၀ ရှိခဲ့ကြောင်း ကာနေးက ပြောကြားခဲ့သည်။

တစ်နှစ်တာကာလအတွင်း  နိုင်ငံပေါင်း ၄၆ နိုင်ငံတွင် အဖွဲ့ဝင် သုံးသန်းရရှိခဲ့ကြောင်း Tidal တေးသီချင်း ဝန်ဆောင်မှုက ပြောကြားသည်။

ကာနေးသည် ၎င်း၏ တေးအယ်လ်ဘမ်သစ်ကို Tidal မှလွဲ၍ မည်သည့် တေးသီချင်း ဝန်ဆောင်မှုတွင်မဆို တင်သွားမည်မဟုတ်ကြောင်း ပြောကြားခဲ့သော်လည်း ၎င်း၏ ဆုံးဖြတ်ချက် ပြောင်းလဲခဲ့ပုံရသည်။

ယခင်က Tidal တေးသီချင်း ဝန်ဆောင်မှုမှတစ်ဆင့်  “The Life of Pablo” တေးအယ်လ်ဘမ်ကို ဝယ်ယူရသော်လည်း ယခုအခါ  Tidal တေးသီချင်း ဝန်ဆောင်မှုသည် တေးအယ်လ်ဘမ်ကို download ဆွဲခွင့်ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly