နိုင်ငံ၏ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ရမည်ဟု အီရန်ခေါင်းဆောင်ပြောကြား

နိုင်ငံ၏ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ရမည်ဟု အီရန်ခေါင်းဆောင်ပြောကြား

တီဟီရန်၊ ဇူလိုင်-၁ ။        ။ နိုင်ငံ၏ ကာကွယ်တားဆီးရေးစွမ်းရည်ကို မြှင့်တန်ရန် အစ္စလာမ်တော်လှန်ရေးခေါင်းဆောင် အာယာ တိုလာ ဆေးယတ် အလီ ခါမေနီက အီရန်သမ္မတကို ညွှန်ကြားခဲ့သည်။

ယင်းညွှန်ကြားချက်များမှာ ဆဌမမြောက် နိုင်ငံတော်ဖွံ့ဖြိုးမှု စီမံကိန်း၏ ပေါ်လစီများကို ကြေညာထားသည့် အာယာတိုလာ ခါမေနီက သမ္မတ ဟာဆန် ရိုဟန်နီထံသို့ ပေးပို့သည်စာထဲတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။

စာထဲတွင် ခေါင်းဆောင်က နိုင်ငံ၏ ဒုံးကျည်စွမ်းရည်နှင့် ကာကွယ်ရေးနည်းပညာများကို တီထွင်ဖွဲ့ဖြိုးစေခြင်းဖြင့် အီရန်၏ တားစီးနိုင်စွမ်းအားကို အဆင့်မြှင့်ရန်လိုအပ်ချက်ကို အလေးအနက် ပြောကြားထားသကဲ့သို့ အန္တရာယ်ရန်စွယ်အမျိုးမျိုးကို တုံ့ပြန်နိုင်ရန်အတွက် လက်နက်နှင့် အကြီးစား ကာကွယ်ရေးကိရိယာများ ထုတ်လုပ်နိုင်စွမ်းကိုလည်း မြှင့်တင်ရန် တိုက်တွန်း ထားသည်ဟု ဆိုသည်။ ထို့အပြင် နိုင်ငံအတွင်းရှိ အရေးကြီးပြီး မဟာဗျူဟာကျသည့်နေရာများတွင်လည်း အရပ်ဖက်ကာကွယ်ရေး အစီအစဉ်များ တည်ထောင်ထားရန် လိုအပ်ချက်ကိုလည်း အာယာတိုလာ ခါမေနီက ထောက်ပြသတိပေးထားသည်။

ပါဝါအပျော့နှင့် ဆိုက်ဘာကာကွယ်ရေးစွမ်းရည်များကို မြှင့်တင်ရန် လိုအပ်သကဲ့သို့ နိုင်ငံ၏ အခြေခံအဆောက်အအုံများ အတွက် လေကြောင်းကာကွယ်ရေးနှင့် ဆိုက်ဘာလုံခြုံရေးကို ထောက်ပံ့ပေးရန်လိုအပ်ကြောင်းကိုလည်း အီရန်၏ အမြင့်ဆုံးခေါင်းဆောင်က မီးမောင်းထိုးပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly