မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကိုပါ ပိတ်ဆို့အရေးယူဖို့ တောင်းဆို 

မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကိုပါ ပိတ်ဆို့အရေးယူဖို့ တောင်းဆို 

စစ်ကောင်စီ ဦးစီးနေတဲ့ ဘဏ်နှစ်ခုဖြစ်တဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် ( MFTB ) မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် ( MICB ) တို့ကို အမေရိကန် အစိုးရက ပိတ်ဆို့အရေးယူတဲ့အပေါ် တော်လှန်ရေး အင်အားစုတွေ ကြိုဆိုထောက်ခံကြောင်း ဇွန်လ ၂၁ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ချက်ထုတ်ပြန်လိုက်ပါတယ်။

အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body - GSCB)၊ Blood Money Campaign သွေးစွန်း ငွေဖြတ်တောက်ရေး လှုပ်ရှားမှု၊ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦး တော်လှန် ရေးလှုပ်ရှားမှုအဖွဲ့ ၃ ခုက အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုကို ကြိုဆိုလိုက်ပြီး MOGE မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကို ဆက်လက်ပိတ်ဆို့ရန် တောင်းဆိုထားကြပါတယ်။ 

စစ်အာဏာရှင်တော်လှန်ရေး အင်အားစု ၃ ခုရဲ့ ကြေညာချက်ထဲမှာ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ် ငွေ့လုပ်ငန်းမှ နိုင်ငံခြားဝင်ငွေအပါအဝင် အခြားသောလုပ်ငန်းကြီးများနဲ့ ကဏ္ဍ အသီးသီးမှ ဝင်ငွေများဟာ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နဲ့ မြန်မာ့ရင်းနှီး မြုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့မှတစ်ဆင့် အကြမ်း ဖက် စစ်တပ်ထံသို့ စီးဝင်ပြီး ထိုဝင်ငွေများက အကြမ်းဖက်စစ်တပ်ရဲ့ အကြမ်း ဖက်ခြင်းလုပ်ဆောင်ချက်များ ဆက်လက်လုပ်ဆောင်နိုင်ရန် ကူညီ ထောက် ပံ့ပေးနေကြောင်း ရေးသားထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly