မင်္ဂလာစျေးဆိုင်ခန်းနေရာပြန်လည်ချထားမှု အဆင်မပြေဖြစ်

မင်္ဂလာစျေးဆိုင်ခန်းနေရာပြန်လည်ချထားမှု အဆင်မပြေဖြစ်

ရန်ကုန်၊ မတ် ၃၁ ။                 ။ မြန်မာနိုင်ငံရဲ့လက်ကားဈေးကွက်ထဲမှာ အကြီးဆုံးဖြစ်တဲ့ ရန်ကုန်မြို့က မင်္ဂလာဈေးမီးလောင်ခဲ့ပြီးတဲ့ နောက် ပိုင်းဈေးသူဈေးသားတွေကို ဆိုင်ခန်းနေရာတွေ ပြန်လည်နေရာချထားပေးတဲ့နေရာမှာအဆင်မပြေမှုတွေရှိနေတယ်လို့ ဈေးသူဈေးသားတွေကပြောဆိုကြပါတယ်။

မင်္ဂလာဈေးမီးလောင်ပြီးခဲ့တဲ့အချိန်နောက်ပိုင်းမှာစုစုပေါင်းဆိုင်ခန်း ၄၀၀၆ ခန်းထဲကဆိုင်ခန်း သုံးထောင်ကျော်ကိုဒီနေရာမှာ ယာယီဈေးရောင်းဖို့ ပေးထားတာပါ။

"ဒီမှာကြတော့ ပစ္စည်းတွေကအောက်တွေဘာတွေ ထားလို့မရတော့ ဂိုထောင်ကနေလှမ်းမှာရတယ်၊ နည်းနည်းတော့အခက်အခဲရှိတာပေါ့။"လို့ သစ်ဆန်းအထည်ဆိုင်မှ မသဇင်အောင် ကပြောပါတယ်။

ဒီဆိုင်ခန်းတွေကို ယာယီအလုပ်လုပ်ကိုင်နိုင်ဖို့ မင်္ဂလာဈေးအပေါ်ထပ် ၃လွှာ၊၄လွှာနဲ့ ၅ လွှာတွေမှာနေရာ ပြန်လည်ချထားပေမယ့် အရောင်းအဝယ်သိပ်မဖြစ်တာနဲ့ နေအပူဒဏ်ကို မခံနိုင်တာကြောင့် ဈေးအောက်ဘက် မြေနေရာကိုရွေးချယ်လာကြတာဖြစ်ပါတယ်။

"ဖောက်သည်တွေကလည်းဆိုင်တွေပျောက်တဲ့အခါကြတော့ဖောက်သည်တွေကလည်းကိုယ်စီမလာကြတော့ဘူးဒီနေရာလေးဆိုငါဖောက်သည်တော့ ငါတွေ့မှာဘဲဆိုပြီးဝင်လာပြီးတော့မှ ငှားထွက်တာ။"လို့  ဇွဲညီနောင် အထည်ဆိုင် မှ ဒေါ်သန်းကြည် ကဆိုပါတယ်။

ဈေးကွက်အားနည်းသွားပြီး အရောင်းအဝယ်တွေ သိသိသာသာကျကာ ဟန်မပျက်အောင် လုပ်ကိုင်စားသောက်နေတဲ့ အတိုင်းအတာဘဲရှိနေပါတယ်လို့ငွေတိုက်ဖိနပ်ဆိုင်ပိုင်ရှင် ကိုသန်းနိုင်ကဆိုပါတယ်။

"ဟိုနေရာပြောင်းဒီနေရာပြောင်းဆိုတော့ လူတွေလည်းဒုက္ခရောက်တယ် ဘယ်ကိုသွားလို့ ဘယ်ကိုလာရမှန်းမသိဘူး တစ်နေရာထဲမှာအလုပ်မပြီးဘူးအမတို့ရောင်းတဲ့သူကလည်းဟိုကိုပြေးရတယ် ဒီကိုပြေးရတယ် အမတို့ကလည်းပစ္စည်းဖြန့်တဲ့သူဆိုတော့ ဟိုကိုသွားရတယ် ဒီကိုသွားရတယ်အဆင်မပြေဘူး။"လို့ နှင်းဆီမွှေးအထည်ဆိုင်မှ မသဇင်က ပြောပါတယ်။

မီးသင့်ခဲ့သည့် မင်္ဂလာဈေးကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာအဆောက်အအုံ နဲ့အဆောက်အအုံပိုင်းဆိုင်ရာ ပညာရပ်ပိုင်းဆိုင်ရာတွေ နှီးနှောဖယ်လှယ်ပြီးတော့ ပြန်လည် တည်ဆောက်မလား၊ ပြန်လည်ပြုပြင်မလား ဆိုတာညှိုနှိုင်းနေဆဲဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ဈေးများဌာနမှ လက်ထောက်ဌာနမှူး  ဦးကျော်မြင့် ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly