သားသတ်သမားတွေက ဝဋ်လည်မှာတော့ကြောက်သား

သားသတ်သမားတွေက ဝဋ်လည်မှာတော့ကြောက်သား

အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ပြီး လူမဆန်တဲ့လုပ်ရပ်တွေကို အမိန့်ပေးနေတဲ့ စစ်ဗိုလ်ချုပ်တွေဟာ ဝဋ်လည်မှာတော့ ကြောက်ကြပုံရပါတယ်။

အကုသိုလ်တွေကို ကုသိုလ်နဲ့ဖုံးဖို့ ဘုရားတည်၊ ကျောင်းဆောက်နဲ့ ဆက်ကပ်လှူဒါန်းမှုတွေ အမျိုးမျိုးလုပ်နေတဲ့အပြင် ယတြာတွေကိုလည်း တစ်မျိုးပြီးတစ်မျိုး မရိုးအောင် ချေနေခဲ့ တာပါ။

ဗန်းမော်ဆရာတော်ကြီးရဲ့ အန္တိမ အဂ္ဂိဈာပနအခမ်းအနားမှာဆိုရင် စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေ ဟာ အခေါင်းတောင် ဝင်ထမ်းလိုက်သေးတာဖြစ်ပါတယ်။

အဲဒီထဲမှာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင် လှိုင်နဲ့အတူ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်တို့ပါဝင်ခဲ့တာဖြစ်ပါတယ်။

စစ်ထောက်လှမ်းရေးအကြီးအကဲနဲ့ စစ်ကောင်စီ တွဲဖက်အတွင်းရေးမှူး ရဲဝင်းဦးဟာ စစ်ကောင်စီ ငရဲခန်း တွေကို တာဝန်ယူထားသူဖြစ်ပြီး အဲဒီငရဲခန်းတွေမှာ အရပ်သားတွေနဲ့ သံဃာတော်တွေကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်နေတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly