နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကြမ်းကို မနက်ဖြန် လွှတ်တော်၌ အဆိုတင်ဖွယ်ရှိ

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကြမ်းကို မနက်ဖြန် လွှတ်တော်၌ အဆိုတင်ဖွယ်ရှိ

နေပြည်တော်၊ မတ် ၃၀ ။ ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကြမ်းကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်က လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေထားပြီး မတ်လ ၃၁ရက် လွှတ်တော်တွင် အဆိုတင်သွင်းဖွယ် ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

"အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေထံ စည်ပင်ထဲမှာ လာဖြန့်သွားတယ်။ မနက်ဖြန် အမျိုးသားလွှတ်တော်မှာ ဦးအောင်ကြည်ညွှန့်က အဆိုတင်မယ်လို့ကြားတယ်" ဟု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက မဇ္ဈိမကို ပြောသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ပထမဆုံးတင်သွင်းသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေတွင် အခန်းငါးခန်း ပါရှိပြီး ယင်းဥပဒေကြမ်းကို ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေး၌ နိုင်ငံတော် သမ္မတ ဦးထင်ကျော်၏ ပထမဆုံး တင်သွင်းလာသည့် ဥပဒေကြမ်းလည်း ဖြစ်သည်။ 

"အန်တီတို့လွှတ်တော်ကိုတော့ မပေးသေးဘူး။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေဆီတော့ လာဖြန့်သွားတယ်ကြားတယ်။ မနက်ဖြန်အစည်းအဝေးမှာ လွှတ်တော်အမတ် တစ်ယောက်က အဆိုတင်မယ်လို့ ကြားတယ် " ဟု ပြည်သူ့လွှတ်တော် အမတ် တစ်ဦးက ရှင်းပြသည်။

သမ္မတ ဦးထင်ကျော်တင်သွင်းသည့် ယင်းဥပဒေကြမ်းကို အမျိုးသားလွှတ်တော်တွင် တင်သွင်းဆွေးနွေးကာ အမတ်အများစု၏ ထောက်ခံမဲဖြင့် အတည်ဖြစ်ပါက ပြည်သူ့လွှတ်တော်သို့ပေးပို့လာဖွယ်ရှိနေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly