မြန်မာ့အရေးအဖြေရှာဖို့ အကြိမ် ၇ဝ ကျော် ဆွေးနွေးခဲ့ကြောင်း အင်ဒိုနီးရှားပြောကြား

မြန်မာ့အရေးအဖြေရှာဖို့ အကြိမ် ၇ဝ ကျော် ဆွေးနွေးခဲ့ကြောင်း အင်ဒိုနီးရှားပြောကြား

မြန်မာနိုင်ငံ ပဋိပက္ခကိုအဖြေရှာဖို့ မြန်မာ့အရေးမှာပါဝင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ပြီးခဲ့တဲ့ ခြောက်လအတွင်း အကြိမ် ၇ဝ ကျော် ဆက်သွယ်ဆွေးနွေးခဲ့တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi ရက်နို မာဆူဒီ က ပြောကြားလိုက်ပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံကချမှတ်ထားတဲ့ သဘောတူညီချက် ငါးချက်မှာ တွေ့ဆုံဆွေးနွေးခြင်းဟာ အရေးအကြီးဆုံးအချက်တစ်ခုဖြစ်တာကြောင့် ဆွေးနွေးပွဲတွေ ဖြစ်လာရတာလို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ကျင်းပတဲ့ ညီလာခံတစ်ခုမှာ ဇွန်လ ၁၃ ရက်နေ့က ပြောကြားခဲ့တာဖြစ်ပါတယ်။

ဆွေးနွေးပွဲတွေဖြစ်လာဖို့အတွက် အရေးကြီးတဲ့ အခြေခံလိုအပ်ချက်ကတော့ ယုံကြည်မှု တည်ဆောက်ရေးဖြစ်တယ်လို့လည်း ပြောပါတယ်။

အခုလို ဆက်သွယ်ဆွေးနွေးမှုတွေကနေ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ယုံကြည်လက်ခံမှုကို ရရှိခဲ့တယ်လို့ ယုံကြည်ကြောင်းလည်း သူကဆိုပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required