မြန်မာနိုင်ငံက ကလေးအလုပ်သမား ၁ သန်းကျော် ရှိနေကြောင်း (ILO) ထုတ်ပြန်

မြန်မာနိုင်ငံက ကလေးအလုပ်သမား ၁ သန်းကျော် ရှိနေကြောင်း (ILO) ထုတ်ပြန်

မြန်မာနိုင်ငံတွင်း ဆင်းရဲနွမ်းပါးမှုနဲ့ ကိုဗစ်ကပ်ဘေးရောဂါကြောင့် ကလေးအလုပ်သမား ၁ သန်းကျော် ရှိနေကြောင်း အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ - ILO အဖွဲ့က ဇွန်လ ၁၂ ရက်နေ့မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဇွန်လ ၁၂ ရက်က ကျရောက်တဲ့ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အဖြစ် ILO (မြန်မာ) က ကြေညာချက် ထုတ်ပြန်ပြီး ကလေးအလုပ်သမားအဖြစ် လုပ်ကိုင်နေရတဲ့ ကလေးငယ် တစ်သန်းကျော် ရှိနေပြီး ကလေးအလုပ်သမား ပပျောက်ရေး အရေးတကြီး လုပ်ဆောင်ဖို့ လိုတဲ့အကြောင်း ILO ကပြောဆိုထားပါတယ်။

မြန်မာနိုင်ငံက အသက် ၅နှစ်နဲ့ ၁၇နှစ်ကြား ကလေး တသန်းကျော်ဟာ လုံခြုံရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု တွေကို ထိခိုက်စေတဲ့ အလုပ်တွေကို လုပ်နေရကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO က ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခတွေနဲ့ စီးပွားရေး ချွတ်ခြုံကျမှုကြောင့် လုပ်ငန်းခွင်တွေမှာ ကလေးလုပ်သား ဦးရေးဟာဆက်လက် များပြားလာနေတယ်လို့လည်း ကလေးလုပ်သားအရေး ကျွမ်းကျင်သူတွေက ပြောကြားထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူမှုရေး စီးပွားရေးနဲ့ နိုင်ငံရေးအကျပ်အတည်းတွေကြောင့်လည်း မိသားစုတွေအနေနဲ့ ကလေးအလုပ်သမားတွေကို အားကိုးအားထားပြုရတဲ့အခြေအနေ ဆိုက်ရောက်စေတဲ့ အကြောင်း ILO ရဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly