စစ်အာဏာသိမ်း နှစ်နှစ်ကျော်ကာလအတွင်း အရပ်သား ၆၀၀၀ ကျော် အသတ်ခံရ

စစ်အာဏာသိမ်း နှစ်နှစ်ကျော်ကာလအတွင်း အရပ်သား ၆၀၀၀ ကျော် အသတ်ခံရ

နော်ဝေနိုင်ငံအခြေစိုက် အော်စလိုငြိမ်းချမ်းရေး သုတေသနအင်စတီကျု (PRIO) က ဇွန်လ ၁၂ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃ဝ ရက်အထိ လပေါင်း ၂ဝ အတွင်း အရပ်သားခြောက်ထောင်ကျော် (၆၃၃၇ ဦး) သတ်ဖြတ်ခံရပြီး နှစ်ထောင်ကျော် (၂၆၁၄ ဦး) ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီအစီရင်ခံစာပါ ဖေါ်ပြတဲ့ အရေအတွက်ဟာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ နောက်ပိုင်း လပေါင်း ၂၀ အတွင်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက ထုတ်ပြန်ခဲ့တဲ့ အရေအတွက်ထက် သိသိသာသာ များနေပါတယ်။

မြန်မာနိုင်ငံအတွင်းက သေဆုံးမှုကို ရေတွက်ခြင်း၊ ၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားတွေ ထိခိုက်သေဆုံးမှုလို့ နာမည်ပေးထားတဲ့ အစီရင်ခံစာဟာ Peace Research Institute ရဲ့ မြို့နယ်တွေမှာ အခြေခံတဲ့ စောင့်ကြည့်ရေးစနစ်နဲ့ တခြား အချက်အလက် အရင်းအမြစ် နှစ်ခုကို ပေါင်းစပ် ကိုးကားထားတာပါ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly