မိုခါမုန်တိုင်း ကူညီထောက်ပံ့ရေးပစ္စည်းတွေ ဖြန့်ဝေသွားလာခွင့်ရရေး အတည်ပြုချက်စောင့်ဆိုင်းနေဆဲ UNOCHA ပြော

မိုခါမုန်တိုင်း ကူညီထောက်ပံ့ရေးပစ္စည်းတွေ ဖြန့်ဝေသွားလာခွင့်ရရေး အတည်ပြုချက်စောင့်ဆိုင်းနေဆဲ UNOCHA ပြော

မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ ဒေသတွေကို ကူညီထောက်ပံ့ရေးပစ္စည်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေသွားလာခွင့်အတွက် အတည်ပြုချက် စောင့်ဆိုင်းနေဆဲဖြစ်တယ်လို့ UNOCHA Myanmar က ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံအနောက်ပိုင်းမှာ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမိုခါဒဏ်ကို ကြီးမားစွာထိခိုက် ခံစားခဲ့ရတဲ့ နေရာအများစုမှာ အမိုးအကာ၊ သောက်သုံးရေ၊ သန့်ရှင်းရေးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတဲ့အခြေအနေကို အချိန်နဲ့တပြေးညီ ထောက်ပံ့ကူညီဖို့ဟာ မုတ်သုန်ရာသီဝင်ရောက် လာတာကြောင့် အချိန်လုပြီးလုပ်ကိုင်နေရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်လာပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly