မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ထိထိရောက်ရောက် ပိတ်ဆို့အရေးယူပေးဖို့တောင်းဆို

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ထိထိရောက်ရောက် ပိတ်ဆို့အရေးယူပေးဖို့တောင်းဆို

အာဏာသိမ်းစစ်ကောင်စီဟာ စွမ်းအင်ကဏ္ဍကနေ နိုင်ငံခြားရင်း ရင်းနှီးမြှုပ်နှံမှုငွေ အများဆုံး ရနေတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု ISP Myanmar က မေလ ၃၁ ရက်နေ့က ထုတ်ပြန်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်နှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံကျော်အထိရှိခဲ့ပါတယ်။

အဲဒီထဲမှာ ၇ဝ ရာခိုင်နှုန်းဟာ စွမ်းအင်ကဏ္ဍက ဝင်ငွေရခဲ့တာလို့ ISP Myanmar က ပြောပါတယ်။

စစ်ကောင်စီရဲ့ အဓိကဝင်ငွေရပေါက်ဖြစ်တဲ့ မြန်မာ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း MOGE ကို ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့ဖို့ မြန်မာ့အရေးလှုပ်ရှားသူတွေက တောင်းဆိုနေကြပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly