ဧရာဝတီတိုင်းဝန်ကြီးချုပ်တာဝန်ယူမည့် မန်းဂျော်နီ စီမံကိန်းများပြန်စစ်မည်

ဧရာဝတီတိုင်းဝန်ကြီးချုပ်တာဝန်ယူမည့် မန်းဂျော်နီ စီမံကိန်းများပြန်စစ်မည်
ဓာတ်ပုံ-စည်သူမောင်မောင်

ပုသိမ် မတ် ၂၈ ။            ။ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်တာဝန်ယူမည့် မန်းဂျော်နီက ပွင့်လင်းမြင်သာသည့် စိမံကိန်းများ ဟုတ်မဟုတ်ကို ပြန်စိစစ်သွားမည်ဖြစ်ကြောင်း ပြောသည်။

 " ပြည်သူတွေကို သိအောင်အားလုံးအသိပေးရမယ်၊နိုင်ငံနဲ့နိုင်ငံတော် အကျိုးဖြစ်လား၊အစိုးရအကျိုးကြီးပဲမရဘူး ပြည်သူအကျိုးအတွက်ဖြစ်ရမယ်၊ပြည်သူမကြိုက်ရင် မလုပ်ဘူး"ဟု ဝန်ကြီးချုပ်သစ်               မန်းဂျော်နီက မဇ္ဈိမသို့ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရ ပထမသက်တမ်းတွင်ငပုတောမြို့နယ်၊ငရုပ်ကောင်းမြို့နယ်ခွဲတွင် တည်ဆောက်ရန် လျာထားသည့် ကျောက်မီးသွေးစက်ရုံအား ဒေသခံများက တည်ဆောက်ရန်ကန့်ကွက်     မှုများဖြစ်ခဲ့သည်။

တိုင်းဒေသကြီးဖွံဖြိုးရေးနှင့်ပတ်သက်ပြီးမေးမြန်းရာ"ပညာရှင်တွေအများကြီးရှိတယ်၊ လွှတ်တော်ကိုယ်စားလှယ်ထဲမှာတင်မကဘူး နိုင်ငံသားပညာရှင်တွေ အများကြီးရှိတော့ပညာရှင်တွေနဲ့ ပူးပေါင်းပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင်ပြည်သူတွေအပါအဝင် အားလုံးပွင့်ပွင့်လင်းလင်းချပြီးလုပ်ရင် တိုးကို တိုးတက်မယ် မတိုးတက်စရာမရှိဘူး"ဟု မန်းဂျော်နီက မဇ္ဈိမသို့ပြောသည်

ပုသိမ်မြို့Platinum Pathein အိမ်ရာစီမံကိန်းအား Mya Bay ကုမ္ပဏီမှပုသိမ်မြို့၊အမှတ်၁၄ ရပ်ကွက်၊ပုသိမ်-ငွေဆောင်ကားလမ်းဘေး မြေဧရိယာ(၁၇.၈၈)ဧကပေါ်တွင်လည်းကောင်း၊ ပုသိမ် မြကျွန်းသာ  အိမ်ရာစီမံကိန်းအား အမှတ်၃ ရပ်ကွက် နှင့်ပျဉ်ကတိုးကုန်းကျေးရွာတွင် DIG Co.Ltdမှ ဝယ်ယူထားသည့်လယ်မြေ(၁၄၄.၇၂)ဧကပေါ်တွင်လည်းကောင်း၊ PATHEIN INDUSTRIAL CITY PROJECT စီမံကိန်းအား ဧရာဝတီဖွံဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီမှ ပုသိမ်မြို့တောင်ဘက်နှင့်ကန်ကြီးထောင်မြို့နယ်များမှ ဝယ်ယူထားသည် လယ်မြေ(၂၇၀၀)ဧကပေါ်တွင် တည်ဆောက်မည်ဖြစ်ကြောင်း ပထမအကြိမ် တိုင်းလွှတ်တော်တွင်မှတ်တမ်းထားရှိကြောင်းသိရှိရသည်။

ဦးမန်းဂျော်နီအား နိုင်ငံတော်သမ္မတမှ ရွေးချယ် ခန့်အပ်ခဲ့ပြီး၊ဒုတိယအကြိမ် အစိုးရသက်တမ်းတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအား ဦးဆောင်မည် ဝန်ကြီးချုပ်ဖြစ် လွှတ်တော်တွင်ကြေညာခဲ့ပြီးဖြစ်သည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly