2PM အဖွဲ့ဝင် တေးယွန်နှင့် ဆောင်ဟာယွန်းတို့ JYP ၏ ဒရမ်မာဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်သွားမည်

2PM အဖွဲ့ဝင် တေးယွန်နှင့် ဆောင်ဟာယွန်းတို့ JYP ၏ ဒရမ်မာဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်သွားမည်

ဆိုးလ်၊ မတ် ၂၆ ။           ။ 2PM အဖွဲ့ဝင် တေးယွန်၊ ဆောင်ဟာယွန်း၊ ပက်ခ်ဂျိုယောင်နှင့် ကင်ဂျောင်မွန်တို့သည်  JYP Pictures and Contents Pool က ထုတ်လုပ်မည့် “I’m Going to Touch You (working title)” ဒရမ်မာဇာတ်ကားသစ်တွင် ပါဝင် သရုပ်ဆောင်သွားမည် ဖြစ်သည်။

အဆိုပါဇာတ်ကားသည် အနာဂတ်ကို ကြည့်သည့် အမျိုသားတစ်ဦးနှင့် ချစ်စဖွယ် အမျိုးသမီး တစ်ဦးတို့အကြောင်းကို ပုံဖော်ရိုက်ကူးထားသည့် အချစ်ဟာသ ဇာတ်မြူးကား ဖြစ်သည်။ တေးယွန် သည် မဝေးတော့သည့် အနာဂတ်ကို သိနိုင်စွမ်းရှိသည့် အမျိုးသား ဒိုဂျင်ဝူအဖြစ် သရုပ်ဆောင်သွား မည် ဖြစ်သည်။

“ဒီလိုဇာတ်ကားမျိုးမှာ ကျွန်တော် ပထမဆုံးအကြိမ် ပါဝင် သရုပ်ဆောင်တာ ဖြစ်ပါတယ်။ ကျွန်တော် ဇာတ်ကားရိုက်ကူးတဲ့အခါ ပျော်စရာအချိန်တွေ ရှိမယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု တေးယွန်က ပြောကြားခဲ့သည်။

မင်းသမီး ဆောင်ဟာယွန်းသည် အလှပြင်ပစ္စည်းများ ရောင်းချသည့် စတိုးဆိုင်တွင် အလုပ် လုပ်သူတစ်ဦးဖြစ်ပြီး  မင်းသမီးတစ်ယောက်ဖြစ်လာရန်  စိတ်ကူးအိပ်မက်ရှိသူ ဂျင်ဟီးယောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။ဆောင်ဟာယွန်းသည် “ My Daughter, Geum Sa Wol” ဒရမ်မာ ဇာတ်ကားဖြင့် ပရိတ်သတ်များ၏ အားပေးမှုကို ရရှိထားသူတစ်ဦး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly