Big Bangအဖွဲ့နှင့် အဆိုတော် CL တို့ ယခုနှစ်၏ လွှမ်းမိုးမှုအရှိဆုံး ၁၀၀ စာရင်းတွင် ပါဝင်

Big Bangအဖွဲ့နှင့် အဆိုတော် CL တို့ ယခုနှစ်၏ လွှမ်းမိုးမှုအရှိဆုံး ၁၀၀ စာရင်းတွင် ပါဝင်

ဆိုးလ်၊ မတ် ၂၆ ။             ။ ကေပေါ့ အမျိုးသားအဆိုတော်အဖွဲ့ Big Bang နှင့် အမျိုးသမီး အဆိုတော်အဖွဲ့ 2NE1 အဖွဲ့ဝင်  CL တို့သည် ယခုနှစ်၏ လွှမ်းမိုးမှုအရှိဆုံး ၁၀၀ စာရင်းတွင် ပါဝင်ခဲ့ကြောင်း Time မဂ္ဂဇင်းက ထုတ်ပြန် ကြေညာခဲ့သည်။

လွှမ်းမိုးမှုအရှိဆုံး ၁၀၀ စာရင်းတွင် လေဒီဂါဂါ၊ ဘီယွန်စေး၊ ရီဟားနား၊ တေလာဆွဇ်၊ အဒဲလ် နှင့် အာရီအာနာဂရိတ်ဒ်တို့ အပါအဝင် ကမ္ဘာ့အကျော်ကြားဆုံး တေးသံရှင်များလည်း ပါဝင်သည်။

ကမ္ဘာလွှမ်းမိုးမှုအရှိဆုံး ၁၀၀ စာရင်းသည် မဂ္ဂဇင်း၏ နှစ်စဉ်ပြုလုပ်နေကျ ကမ္ဘာပေါ်တစ်ဝှမ်းရှိ နိုင်ငံရေး၊ အနုပညာ၊ စီးပွားရေး၊ နည်းပညာ၊ သိပ္ပံ၊ ဘာသာရေးနှင့် အခြားနယ်ပယ်များတွင် လွှမ်းမိုးမှု အရှိဆုံးသူ ၁၀၀ ကို စာရင်းပြုစုခြင်း ဖြစ်သည်။

Big Bang အဖွဲ့သည် မဲအရေအတွက် ၁ ဒသမ ၈ ရာခိုင်နှုန်းဖြင့်  စတုတ္ထနေရာတွင် ရပ်တည် နေပြီး CL သည် ဟောလီးဝုဒ်ကြယ်ပွင့် ဂျနီဖာလော်ရင့်စ်အပါအဝင် အခြားသောသူများနှင့်အတူ နံပါတ် ၂၂ နေရာတွင် ရပ်တည်လျက် ရှိသည်။

CL သည် Time မဂ္ဂဇင်း၏ လွှမ်းမိုးမှုအရှိဆုံး ၁၀၀ စာရင်းတွင် နှစ်နှစ်ဆက်တိုက် ပါဝင်ခဲ့ခြင်း ဖြစ်သည်။ Big Bang အဖွဲ့သည် မနှစ်က ကမ္ဘာလှည့်ဖျော်ဖြေပွဲကြောင့် လွှမ်းမိုးမှုအရှိဆုံး ၁၀၀ စာရင်း တွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။ အဆိုတော် သရုပ်ဆောင် ရိန်းသည် ၂၀၀၆ ခုနှစ်က လွှမ်းမိုးမှုအရှိဆုံး ၁၀၀ စာရင်းတွင် ပါဝင်ခဲ့ပြီး ၂၀၁၁ ခုနှစ်က ဒုတိယအကြိမ် ထပ်မံ ပါဝင်ခဲ့သည်။

PSY သည် ၂၀၁၃ ခုနှစ်က လွှမ်းမိုးမှုအရှိဆုံး ၁၀၀ စာရင်းတွင် ပါဝင်ခဲ့သော်လည်း နောက်ဆုံး အဆင့်စာရင်းတွင် ပါဝင်ခဲ့ခြင်း မရှိပေ။ ယခုနှစ် လွှမ်းမိုးမှုအရှိဆုံး ၁၀၀ စာရင်းကို ဧပြီ ၂၁ ရက်တွင် ထုတ်ပြန်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags