ကွန်မြူနစ်နိုင်ငံ ကျူးဘားတွင် ပြုလုပ်မည့် Rolling Stones ၏ ဂီတပွဲသို့ ပရိသတ် သိန်းနှင့်ချီကာ ရောက်လာဖွယ်ရှိ

ကွန်မြူနစ်နိုင်ငံ ကျူးဘားတွင် ပြုလုပ်မည့် Rolling Stones ၏ ဂီတပွဲသို့ ပရိသတ် သိန်းနှင့်ချီကာ ရောက်လာဖွယ်ရှိ

ကွန်မြူနစ်နိုင်ငံ ကျူးဘားတွင် ပထမဆုံးအကြိမ် ကျင်းပမည့် Rolling Stones ရော့(ခ်)ဂီတ အဖွဲ့၏ ဖျော်ဖြေပွဲသို့ ပရိသတ်များ သိန်းနှင့်ချီကာ လာရောက်ကြလိမ့်မည်ဟု မျှော်လင့်ရကြောင်း သိရသည်။

တစ်ချိန်က ရော့အင်ရိုး ဂီတပွဲများကို ပိတ်ပင်ထားခဲ့သော ကျူးဘားတွင် ဂီတပရိသတ် များ၏ အိပ်မက် တကယ် ဖြစ်မြောက်လာခြင်း ဖြစ်သည်။

Mick Jagger ဦးဆောင်သော စူပါစတား လေးဦးမှာ ဟာဗားနားရှိ Ciudad Deportivo အားကစားကွင်းတွင် အခမဲ့ ဂီတဖျော်ဖြေပွဲ ပြုလုပ်ရန် ကျူးဘားသို့ ရောက်လာခဲ့ကြခြင်း ဖြစ်သည်။

အားကစားကွင်းသို့ လူ ငါးသိန်းခန့် ရောက်လာကြဖွယ်ရှိကြောင်း ကျူးဘား အစိုးရပိုင် မီဒီယာ က ဖော်ပြခဲ့ပြီး၊ ဂီတမဂ္ဂဇင်း Billboard ကလည်း အားကစားရုံအနီးရှိ လမ်းများပေါ်သို့ လူများ စုပြုံ ရောက်ရှိလာကြဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly