Hite ဘီယာ၏ မျက်နှာသစ်မော်ဒယ် ဖြစ်လာတဲ့ ဆောင်ဂျောင်ကီ

Hite ဘီယာ၏ မျက်နှာသစ်မော်ဒယ် ဖြစ်လာတဲ့ ဆောင်ဂျောင်ကီ

ရုပ်မြင်သံကြား ဒရမ်မာဇာတ်ကား “Descendants of the Sun”  ကြယ်ပွင့် ဆောင်ဂျောင် ကီကို ကိုရီးယားနိုင်ငံတွင် ရောင်းအားအကောင်းဆုံး ဘီယာ Hite အမှတ်တံဆိပ်အတွက် မျက်နှာ သစ်မော်ဒယ်အဖြစ် ဆောင်ရွက်ပေးရန် ရွေးချယ်ခဲ့ကြောင်း ကုမ္ပဏီက မတ် ၂၄ ရက်တွင် ကြေညာ ခဲ့သည်။

“ဆောင်ဂျောင်ကီဟာ  Hite ဘီယာရဲ့ အားသာချက်တွေကို သိအောင်လုပ်ပေးနိုင်တဲ့   အရည် ချင်းရှိတဲ့ မင်းသားတစ်ယောက် ဖြစ်တယ်” ဟု ဈေးကွက်ဒါရိုက်တာ Hite Jinro က ပြောကြားသည်။

ဆောင်ဂျောင်ကီ၏ ရုပ်မြင်သံကြား ကြော်ငြာအသစ်ကို ဧပြီလတွင် ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။ ယခင်က မင်းသား ဟွန်ဘင်း၊ စကိတ်ချန်ပီယံ ကင်ယုနာတို့ကဲ့သို့သော ပြည်သူချစ်သော အနုပညာကြယ်ပွင့်များသည်လည်း  Hite ဘီယာအတွက် မော်ဒယ် လုပ်ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly