ဆလီနာဂိုမက်ဇ်နှင့် ဂျက်စတင်ဘီဘာတို့ ပြန်တွဲနေကြပြီလား

ဆလီနာဂိုမက်ဇ်နှင့် ဂျက်စတင်ဘီဘာတို့ ပြန်တွဲနေကြပြီလား

ဂျက်စတင်ဘီဘာ၏ ဖျော်ဖြေပွဲတွင် ဆလီနာဂိုမက်ဇ်ကို တွေ့ရှိခဲ့ကြောင်း ဂျက်စတင်ဘီဘာ ပရိတ်သတ်များက ပြောကြားခဲ့ပြီးနောက်  ဂျက်စတင်ဘီဘာနှင့် ဆလီနာဂိုမက်ဇ်တို့ ပြန်တွဲနေကြပြီ လားဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

လော့စ်အိန်ဂျလိစ်မြို့ Staples စင်တာတွင် မတ် ၂၃ ရက်က ကျင်းပပြုလုပ်သော ဘီဘာ၏ ဖျော်ဖြေပွဲကို လာရောက်သော ပရိတ်သတ်များက ဆလီနာဂိုမက်ဇ်ကို တွေ့ရှိခဲ့ကြောင်း လူမှုရေးမီဒီ ယာတွင် ရေးသားဖော်ပြခဲ့သည်။

ဂျက်စတင်သည် လွန်ခဲ့သည့်နှစ်များက ရိုက်ကူးထားသော ၎င်းတို့နှစ်ဦး အနမ်းပေးနေသည့် ပုံကို ပြန်လည်တင်ခဲ့ရာမှ ၎င်းတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် စာဖြင့်စကားပြောနေ ကြကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ရက်ပေါင်းများစွာအကြာတွင် ၎င်းတို့နှစ်ဦး တွဲနေကြ သည်ဟု သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။

အသက် ၂၂ နှစ်အရွယ်ရှိ ဂျက်စတင်သည် ၎င်း၏တေးသီချင်းအယ်လ်ဘမ်သစ် “Purpose”ကို ၂၀၁၅ ခုနှစ်အကုန်က ထွက်ရှိခဲ့သည်။ ယခုသီတင်းပတ်စောပိုင်းက ဂျက်စတင်ဘီဘာသည်  ပျော်ရွှင် မှု မရှိသည့်အတွက် ပရိတ်သတ်တွေ့ဆုံပွဲကို  ဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေညာခဲ့ရာ ယင်းက ဂျက်စတင်နှင့် ဆလီနာဂိုမက်ဇ်တို့ ပြန်လည်စကားပြောနေကြပြီဟု ကောလဟာလသတင်များ ထွက်ပေါ်ခဲ့သည်။

ဂျက်စတင်သည် ရည်းစားဟောင်းဖြစ်သူ ဆလီနာဂိုမက်ဇ်နှင့် ပြန်လည်တွဲနေခြင်းကြောင့် ပရိတ်သတ်တွေ့ဆုံပွဲကို ပယ်ဖျက်ခြင်း ဖြစ်နိုင်သည်ဟု တစ်ချို့က ထင်ကြေးပေး ပြောကြားလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly