ဧပြီ ၁ရက်တွင် ထွက်ရှိမည့် အဆိုတော် ဖြူဖြူကျော်သိန်း ၏ April Fool

ဧပြီ ၁ရက်တွင် ထွက်ရှိမည့် အဆိုတော် ဖြူဖြူကျော်သိန်း ၏ April Fool

ရန်ကုန်၊ မတ် ၂၅ ။         ။ အဆိုတော် ဖြူဖြူကျော်သိန်း၏ ၆ခွေမြောက် တစ်ကိုယ်တော် တေးအယ်ဘမ် ဖြစ်သည့် April Fool ကို ဧပြီ ၁ရက်တွင် Bo Bo Music Production မှ စတင် ဖြန့်ချီသွားမည် ဖြစ်သည်။

အဆိုတော် ဖြူဖြူကျော်သိန်း ၏ April Fool ဟု အမည် ပေးထားသည့် တစ်ကိုယ်တော် Mini Album ထွက်ရှိ မည့် အကြောင်း စာနယ်ဇင်း များနှင့် မိတ်ဆက် ပေးသည့် အခမ်းအနားကို မတ်လ ၂၁ရက်တွင် ရန်ကုန်မြို့ရှိ Orchid Hotel ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ထို Mini Albumတွင် ကိုယ်ပိုင်သံစဉ် တေးသီချင်း စုစုပေါင်း ၄ပုဒ်ပဲ ပါဝင်ကာ တေးသီချင်း အားလုံးသည် EDM (Electro Dance Music) တေးသီချင်း များ ဖြစ်ကာ တေးရေးအဖြစ် စိမ့် နှင့် သိန်းလင်းစိုးတို့ နှစ်ဦးမှ ရေးသားပေးထားသည်။

"ဒီအခွေလေးက ဧပြီ ၁ရက် မှာ ထွက်ပေမယ့် သြင်္ကန် သီချင်းတွေ မဟုတ်ပါဘူး။ မြူးမြူးကြွကြွ အချစ် သီချင်း လေးတွေပါ။ မနှစ်က Water ပါတီ ရေပါတီ တေးသီချင်းလို EDM သီချင်းအမျိုးအစား လေးတွေပါ။ ဒီ မြူးဇစ် အမျိုးအစားလေးတွေကို အာရုံရှိနေတယ်။ ကြိုက်နေတာလဲ ပါတယ်။ အဲ့တာကြောင့် ဒီအခွေလေးကို စီစဉ် ဖြစ်တာပါ" ဟု ပြောသည်။

တေးသီချင်း အမည်များ က April Fool ၊ Let u go ၊ Sorry Girl ၊ No More စသည့် တေးသီချင်းများ ပါဝင်ကာ တီးခတ်မှု ပိုင်းကို မျိုးဇော်ထက်၊ ချမ်းအေးဝင်း ၊ DJ ဝိုင်း နှင့် သားသားတို့မှ တီးခတ် ပေးထားသည်။

April Fool Mini Album ကို Bo Bo Music Production မှ Audio CD အနေဖြင့် ဧပြီ ၁ရက်တွင် ဖြန့်ချိ ပေးမည် ဖြစ်ပြီး ပရိုမိုးရှင်း အနေဖြင့် အဆိုတော် ဖြူဖြူကျော်သိန်းသည် ဧပြီ ၁ရက်တွင် မန္တလေးရှိ မင်္ဂလာ မန္တလေး၌ 5 Ladies Show တွင် ပါဝင် သီဆို ရမည် ဖြစ်သည့် အတွက် ပရိုမိုးရှင်း အနေဖြင့် မလုပ်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုတော် ဖြူဖြူကျော်သိန်း အနေဖြင့် အသွင်ကွဲ တေးသီချင်း ပုံစံများဖြင့် Single အနေဖြင့်ကော Mini Album အနေဖြင့်ပါ ထွက်ရှိလာရန် စီစဉ်ထားသည်။ April Fool Mini Album ကိုလည်း VCD အနေဖြင့် ထပ်မံ ရိုက်ကူးသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly