“Descendants of the Sun” ဇာတ်ကား လေးနှစ်အတွင်း ကြည့်ရှုမှုနှုန်း စံချိန်ကို ချိုးဖျက်ခဲ့သည့် ပထမဆုံး ဒရမ်မာ ဇာတ်ကားဖြစ်လာ

“Descendants of the Sun” ဇာတ်ကား လေးနှစ်အတွင်း ကြည့်ရှုမှုနှုန်း စံချိန်ကို ချိုးဖျက်ခဲ့သည့် ပထမဆုံး ဒရမ်မာ ဇာတ်ကားဖြစ်လာ

ဆိုးလ်၊ မတ် ၂၄ ။                     ။ “Descendants of the Sun” ဒရမ်မာဇာတ်ကား၏ နောက်ဆုံးအပိုင်းသည် ကြည့်ရှုသူ ၃၀ ရာခိုင်နှုန်းကျော်ဖြင့် ကြည့်ရှုမှုနှုန်း စံချိန်ကို ချိုးဖျက်ခဲ့သည်။

KBS ရုပ်သံ၏ “Descendants of the Sun” ဇာတ်ကား အပိုင်း ၉ ကို မတ် ၂၃ ရက်က ထုတ်လွှင့်ပြသခဲ့ရာ ကြည့်ရှုသူ ၃၀ ဒသမ ၄ ရာခိုင်နှုန်းဖြင့် စံချိန်တင်ခဲ့ကြောင်း ယခင်ပြသခဲ့သော ဇာတ်ကားအပိုင်းများထက် သုညဒသမ ၆ ရာခိုင်နှုန်းကျော် များခဲ့ကြောင်းနှင့် ယခင်ဇာတ်ကား အပိုင်း များသည် ကြည့်ရှုသူ ၂၈ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း Nielson Korea ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဒရမ်မာဇာတ်ကားသည် ၂၀၁၂ ခုနှစ်က MBC ရုပ်သံ၏ “Moon Embracing the Sun” ဇာတ်ကားပြီးနောက် ကြည့်ရှုသူ ၃၀ ရာခိုင်နှုန်း စံချိန်တင်ခဲ့သည့်  ပထမဆုံး ဒရမ်မာဇာတ်ကား ဖြစ်လာသည်။

အလားတူ အချိန်အတွင်း ပြသခဲ့သည့် SBS ရုပ်သံ၏ “Please Come Back Mister” ဇာတ်ကားသည်  ကြည့်ရှုသူ ၃ဒသမ ၅ ရာခိုင်နှုန်း ရှိခဲ့ပြီး MBC ရုပ်သံ၏ “ Goodby Mr. Black” ဇာတ်ကားသည် ၃ဒသမ ၆ ရာခိုင်နှုန်း ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly