ဘရပ်ဆဲ(လ်)(စ်) ဗုံးခွဲတိုက်ခိုက်မှှုကြောင့် သေဆုံးသွားသူများအတွက် ဝမ်းနည်းကြောင်း လန်ဒန်ဖျော်ဖြေပွဲတွင် အဆိုတော် အက်ဒယ်(လ်) ပြော

ဘရပ်ဆဲ(လ်)(စ်) ဗုံးခွဲတိုက်ခိုက်မှှုကြောင့် သေဆုံးသွားသူများအတွက် ဝမ်းနည်းကြောင်း လန်ဒန်ဖျော်ဖြေပွဲတွင် အဆိုတော် အက်ဒယ်(လ်) ပြော

မတ် ၂၃ ။              ။ ဘရပ်ဆဲ(လ်)(စ်) ဗုံးခွဲတိုက်ခိုက်မှှုကြောင့် သေဆုံးသွားသူများနှင့် ဒဏ်ရာရသူများအတွက် ဝမ်းနည်းကြောင်း ခံစားချက်ကို နာမည်ကျော် အမျိုးသမီး အဆိုတော် အက်ဒယ်(လ်) [Adele] နှင့် သူ၏ ပရိသတ်များက ထုတ်ဖော်ပြသခဲ့ကြသည်။

လန်ဒန်ရှိ O2 Arena တွင် ပြုလုပ်ခဲ့သော ဖျော်ဖြေပွဲတွင် ပရိသတ်များနှင့် အတူ သီချင်း တစ်ပုဒ်ကို သီဆိုရင်း၊ ခံစားချက်ကို ပြသခဲ့ကြခြင်း ဖြစ်သည်။

ဘရပ်ဆဲ(လ်)(စ်) ရှိ လေဆိပ် နှင့် မြေအောက်ရထား ဘူတာရုံ တို့တွင် ဗုံးခွဲတိုက်ခိုက်မှှုကြောင့် လူ ၃၄ ဦး သေဆုံးခဲ့ကာ လူ ၂၅၀ ဒဏ်ရာရခဲ့သည်။

“အခုသီဆိုမှာကတော့ This is Make You Feel My Love ဆိုတဲ့ သီချင်းပါ။ ဒီညမှာ ဒီသီချင်း ကို ဘရပ်ဆဲ(လ်)(စ်)အတွက် ရည်ရွယ်ပါတယ်” ဟု အက်ဒယ်(လ်)က ပရိသတ်များအား ပြောခဲ့သည်။

“ကျွန်မနဲ့ အတူ ပရိသတ်အားလုံး လိုက်ဆိုစေချင်ပါတယ်။ သူတို့ ကြားအောင်လို့ပါ” ဟု အဆိုတော်က ပရိသတ်များအား ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly