ဒါရိုက်တာ စတီဗင်စပီး(လ်)ဘာ့(ဂ်) ရိုက်ကူးမှသာ အင်ဒီယာနာဂျုန်း(စ်) ဇာတ်ကားများ ကို သရုပ်ဆောင်လိုကြောင်း မင်းသား ဟယ်ရစ်ဆန်ဖော့(ဒ်) ပြော

ဒါရိုက်တာ စတီဗင်စပီး(လ်)ဘာ့(ဂ်) ရိုက်ကူးမှသာ အင်ဒီယာနာဂျုန်း(စ်) ဇာတ်ကားများ ကို သရုပ်ဆောင်လိုကြောင်း မင်းသား ဟယ်ရစ်ဆန်ဖော့(ဒ်) ပြော

မတ် ၂၃ ။              ။ အမေရိကန် ရုပ်ရှင်မင်းသားကြီး ဟယ်ရစ်ဆန်ဖော့(ဒ်) (Harrison Ford) က ဒါရိုက်တာ စတီဗင်စပီး(လ်)ဘာ့(ဂ်) ရိုက်ကူးသောဇာတ်ကား မဟုတ်လျှင် အင်ဒီယာနာဂျုန်း(စ်) ဇာတ်ကားများကို သူ သရုပ်မဆောင်လိုကြောင်း ဆိုခဲ့သည်။

၂၀၁၉ ခုနှစ်တွင် ထွက်ရှိမည့် ပဉ္စမမြောက် အင်ဒီယာနာဂျုန်း(စ်) ဇာတ်ကားတွင် မင်းသားကြီး ဟယ်ရစ်ဆန်ဖော့(ဒ်) ပါဝင် သရုပ်ဆောင်မည် ဖြစ်သည်။

“နောက်ထပ် ဇာတ်ကားရိုက်ဖို့ အခွင့်အလမ်းတွေ ရှိနေတယ်လို့ ကျွန်တော်က အမြဲတမ်း တွေးလေ့ရှိသူပါ။ ဒါပေမဲ့ စတီဗင်စပီး(လ်)ဘာ့(ဂ်) မဟုတ်ဘူး ဆိုရင်တော့ ကျွန်တော် မရိုက်ချင်ပါဘူး” ဟု ဖော့(ဒ်) က ဘီဘီစီအား ပြောပြခဲ့သည်။

“ပြီးတော့ တကယ်ကို ကောင်းမွန်တဲ့ ဇာတ်ညွှန်း မရှိဘဲနဲ့လည်း ကျွန်တော် ဇာတ်ကား မရိုက် ချင်ပါဘူး။ ဝမ်းသာဖို့ ကောင်းတာကတော့ ကျွန်တော်တို့ အတူတူ အလုပ်လုပ်နေ ကြပါတယ်” ဟု မင်းသားကြီးက ဆိုခဲ့သည်။

“အခု စတီဗင်ဟာ ဇာတ်ညွှန်းတစ်ခု ဖန်တီးနေပါတယ်။ အဲဒါကို ကျွန်တော်တို့ အားလုံး ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်” ဟုလည်း သူက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly