အိန္ဒိယ မီဇိုရမ်တွင် ရူပီးသန်း ၅၀ တန်ဖိုးရှိ ဘိန်းဖြူများနှင့်အတူ မြန်မာနိုင်ငံသား ၁ ဦး ဖမ်းဆီးခံရ

အိန္ဒိယ မီဇိုရမ်တွင် ရူပီးသန်း ၅၀ တန်ဖိုးရှိ ဘိန်းဖြူများနှင့်အတူ မြန်မာနိုင်ငံသား ၁ ဦး ဖမ်းဆီးခံရ

 

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ချမ့်ဖိုင်ခရိုင်တွင် ရဲများက ရူပီး သန်း ၅၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁ ဒသမ ၁၁၇ ကီလိုဂရမ်ကို ဧပြီ ၁၁ ရက် မနက်အစောပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

ထိုဖြစ်စဉ်တွင် ရဲများသည် မြန်မာနိုင်ငံသား တစ်ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု သိရသည်။

ချမ့်ဖိုင်ခရိုင်၌ မြန်မာနိုင်ငံသားတစ်ဦးထံမှ အဆိုပါ မူးယစ်ဆေးဝါးများကို တွေ့ရှိဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း မီဇိုရမ်ရဲတပ်ဖွဲ့က ပြောသည်။

ဧပြီ ၁၁ ရက် မနက်အစောပိုင်းတွင် CID အထူးတပ်ဖွဲ့တစ်ခုသည် ချမ့်ဖိုင်ခရိုင် နာဟ်လန်ကျေးရွာ အစွန်အဖျား၌ မြန်မာနိုင်ငံသားတစ်ဦးထံမှ ဈေးကွက်တန်ဖိုး ရူပီး သန်း ၅၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁ ဒသမ ၁၁၇ ကီလိုဂရမ်ကို သိမ်းဆည်းရရှိခဲ့ခြင်း ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသားကို သိမ်းဆည်းရမိသော ပစ္စည်းများနှင့်အတူ ချမ့်ဖိုင် ရဲစခန်းသို့ လွှဲပြောင်းပေးထားပြီး နောက်ထပ်စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly