နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁၀ ဧပြီ ၂၀၂၃ ) 

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁၀ ဧပြီ ၂၀၂၃ ) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • တိုင်းရင်းသားလူမျိုးများအားလုံးအတွက် တန်းတူညီမျှမှု၊ အာမခံချက်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စုတည် ဆောက်ရေးအတွက် တိုက်ပွဲတွေမှာပေးဆပ်အနစ်နာခံကာ စွမ်းစွမ်းတမံ ပါ၀င်နေ ကြသည့် မဟာမိတ် ကယန်းအမျိုးသားများ၏ ကြိုးပမ်းအားထုတ်မှု ပေးဆပ်အနစ်နာခံများကို အသိအမှတ် ပြု လေးစားဂုဏ်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက (၂၃) နှစ်မြောက် ကယန်းအမျိုးသားနေ့ကို သဝဏ်လွှာပေးပို့သည်။ 

  • ယနေ့ကျရောက်သည့် ရက္ခိုင့်တပ်တော် (AA) ၏ ၁၄ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် နေ့အတွက် ဝမ်းမြောက်ဂုဏ်ယူမိပြီး ၁၄ နှစ်ကာလအတွင်း ရက္ခိုင့်တပ်တော်၏ ပေးဆပ်မှုများနှင့် အတူ ယနေ့ ရက္ခိုင့် အမျိုးသားတရပ်လုံး အားကိုယုံကြည်ရသော ရက္ခိုင့်တပ်တော်အဖြစ် ရပ်တည်နိုင်ခဲ့တာ ဂုဏ်ယူစရာ ဖြစ် ကြောင်း ရက္ခိုင့်တပ်တော် (AA)၏၁၄ နှစ်မြောက် အထိမ်းအမှတ်နေ့အတွက် ယာယီသမ္မတ ဒူဝါလရှီးလ ဂုဏ်ပြုစာ ရေးသားဖော်ပြထားသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ NGU ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် နိုင်ငံတစ်ဝန်း တော်လှန်ရေး အဖွဲ့အစည်းများက ယနေ့ ကျရောက်သည့် ၁၄ နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့ အထိမ်းအမှတ် သဝဏ် လွှာများ ပေးပို့ကြပြီး စစ်အာဏာရှင်တော်လှန်ရေးတွင် AA နှင့်အတူ လက်တွဲပါဝင်သွား မည်ဟု ကတိပြု ပြောဆိုကြကြောင်း သိရှိရသည် 

  • အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ် ၂၉ လုံးအတွက် မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲများ က ဧပြီ ၉ ရက်မှာ ငွေကျပ် သိန်း ၂၀ ၊ မြို့နယ်လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးတာဝန်ခံက တစ်အိမ်ကို ကျပ်ငွေ သုံးသောင်းနှုန်းနဲ့ စုစုပေါင်း ကျပ်(၈၇၀,၀၀ဝိ/-)၊ စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်အမျိုးသမီးအတွက် ကျပ်ငွေ(၃၀,၀၀ဝိ/-) ကို ထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲ အစည်းအဝေး (၁၄/၂၀၂၃)ကို ဧပြီ ၉ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြသည်။ 

  • ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ရဲ့ ပညာရေးကော်မတီနှင့် ပဲခူးတိုင်းအတွင်းက ပဲခူးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့များနဲ့ တွေ့ဆုံဆွေးနွေးမှုကို ဧပြီ ၈ ရက် မွန်းလွဲ ၁ နာရီအချိန်မှာ ဗီဒီယိုကွန်ဖရင့်ကတဆင့်ပြုလုပ်ခဲ့ကြသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ  

  • စစ်ကိုင်းမြို့နယ် တလိုင်းနှင့် အုတ်ဖိုကျေးရွာအနီးဝန်းကျင်ကို စစ်ကောင်စီကလေကြောင်းမှ ပစ်ခတ်တိုက် ခိုက်မှုပြုလုပ်လာ၍ ဒေသခံထောင်နှင့်ချီ ထွက်ပြေးနေကြရကြောင်း ဒေသတွင်းသတင်းများ အရ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ အခြေစိုက်သည့် Salingyi Special Task Force တပ်ဖွဲ့ဝင် လူငယ် ငါးဦး ဦးဆောင်ပြီး FGC 9 ကာကွယ်ရေးပြောင်းရှည်သေနတ်ကို အောင်မြင်စွာ ထုတ်လုပ် နိုင်ခဲ့ကြောင်း SSTF တာဝန်ခံက မဇ္ဈိမကိုပြောသည်။ 

  • ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • ဒီပဲယင်းမြို့နယ်ရှိ အသက် ၇၀ ကျော်အရွယ် စစ်ဘေးရှောင် အဖိုး၊ အဖွားများအတွက် ယနေ့ ဧပြီလ ၁၀ ရက်နေ့တွင် S&C မီးဘေးစစ်ဘေး ပညာရေးကူညီစောင့်ရှောက်ရေး အဖွဲ့သားများက သက်ကြီးပူဇော်ပွဲ၊ တရားပွဲ ကျင်းပပြုလုပ် ပေးခဲ့​ကြောင်း သိရသည်။ 

  • ခင်ဦးမြို့နယ်တွင် ကျောင်းသား လူငယ်များနှင့် ပြည်သူများ ပူးပေါင်းကာ စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ပိန်းကန်ကျေးရွာရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ 

  • မရမ်းကုန်းမြို့နယ် အခြေခံပညာ ကျောင်းသား လူငယ်များအစည်းအရုံး (မရမ်းကုန်း-အကလ)နှင့် အ.ထ.က ၂ အရှေ့ဒဂုံ အခြေခံပညာ ကျောင်းသား လူငယ်များ အစည်းအရုံး (အကလ) တို့ ပူးပေါင်းကာ ယနေ့ ဧပြီလ ၁၀ ရက်နေ့တွင် အမှတ် ၁၃ မူလွန် ကျောင်းရှေ့တွင် "ပျော်ရန်သင်္ကြန်မဟုတ် တော်လှန်သင်္ကြန်" စာတန်း ချိတ်ဆွဲ ခဲ့​ကြောင်း သိရသည်။ 

  • ရန်ကုန်၊ မရမ်းကုန်းမြို့နယ်တွင် ယနေ့ ဧပြီလ ၁၀ ရက်နေ့၌ Mayangone Democratic Front (M.D.F) တော်လှန်ရေး အင်အားစုများ နှင့် ပြည်သူများ ပူးပေါင်းကာ တော်လှန်သင်္ကြန် ကမ်ပိန်းလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • ရန်ကုန်တွင် Zorro၊ ရန်ကုန်လူထုသပိတ်နှင့် Revolution Photographs မှ တော်လှန်လူငယ်များ ပူးပေါင်း ကာ ယနေ့ ဧပြီလ ၁၀ ရက်နေ့တွင် "တော်လှန်ရေးသည်ပွဲတော်မဟုတ်" ခေါင်းစဥ်ဖြင့် ဖက်ဆစ် သင်္ကြန်ပွဲ ပြည်သူများ မဆင်နွှဲကြရန် လှုပ်ရှားမှု ပြုလုပ်ခဲ့​ကြောင်း သိရသည်။ 

  • တနင်္သာရီတိုင်း၊တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအုပ်စုရှိ သဲဖြူကျေး ရွာတွင် ဧပြီလ ၉ ရက်နေ့ က စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တို့ကြား အပြန် အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ် ခတ်မှုကြောင့် ခရစ်ယာန် ဘုရားကျောင်းအပါဝင် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။ 

  • တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ မြို့မရဲစခန်းတွင် ယမန်နေ့ မွန်းလွဲပိုင်း ပစ်ခတ်မှုဖြစ်ပြီး စခန်းမှူး ဒုရဲမှူး နေမင်းစိုး သေဆုံးသွားကြောင်း သိရသည်။ 

  • တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ဒီမိုကရေစီအ‌ရေးလှုပ်ရှားမှု သပိတ်ကော်မတီ၊ စည်းရုံးလှုံ့ဆော်ရေးဆပ် ကော်မတီဝင်များမှ လောင်းလုံးမြို့နယ်အတွင်း ကျေးရွာ ၃ ရွာရှိ ဈေးများသို့ သွားရောက်၍ လူထုစည်းရုံး လှုံ့ဆော်ရေး အသိပညာပေးလှုပ်ရှားမှုပြုလုပ်ခဲ့သည်။ 

  • မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ညောင်ကုန်းရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၁၀ ဦး ကျော်သေဆုံးကာ အထိနာသော အကြမ်းဖက်စစ်တပ်က ညောင်ကုန်းရွာရှိနေအိမ်များကို မီးရှို့ဖျက် ဆီးသွားကြောင်း သိရသည်။ 

  • မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းရှိ ညောင်အုပ်ကျေးရွာနှင့် အိုင်းမ(အနောက်)ရွာမှ နေအိမ် ၅၀ နီးပါးကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးပြီး စိတ်ရောဂါခံစားနေရသူ အမျိုး သားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

 

  • ယနေ့ကျရောက်သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)တည်ထောင်ခြင်း (၁၄)နှစ်ပြည့် အခမ်းအနားသို့ PSLF/TNLA နဲ့ MNTJP/MNDAAက သဝဏ်လွှာပေးပို့ခဲ့ပြီး သဝဏ်လွှာထဲတွင် အကြမ်း ဖက်စစ်ကောင်စီအား တော်လှန်တိုက်ပွဲဝင်နေသော အဖွဲ့အစည်းများနှင့် အတူတကွ ခိုင်မာစွာ လက်တွဲကာ တိုက်ပွဲများ ဝင်သွားရမည်ဟု ဖော်ပြထားသည်။ 

  • ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဝေဘူလကျေးရွာကို ယနေ့ ဧပြီလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီ တပ်ဖွဲ့က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ကျောင်းအုပ်ဆရာဇနီးမောင်နှံအပါအဝင် ပြည်သူခြောက်ဦး သေဆုံးသွားကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ထံမှ သိရသည်။ 

  • ရခိုင်တမျိုးသားလုံးလွတ်မြောက်ဖို့၊ တော်လှန်ရေးအောင်မြင်ဖို့အတွက် ရခိုင့်လက်နက်ကိုင် မည်သည့် အဖွဲ့ မျိုးနှင့်မဆို လက်တွဲတော်လှန်သွားဖို့ လမ်းဖွင့်ထားကြောင်း (၅၆) နှစ်မြောက် ပါတီ တည်ထောင်ခြင်းနှစ် ပတ်လည်နေ့မှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ 

  • အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟားမြို့တွင်နေထိုင်သည့် ဒေသခံသုံးဦးကို မြန်မာနိုင်ငံ၊ ချင်း ပြည်နယ် အတွင်း သတ်ဖြတ်ခဲ့သည့်ဖြစ်ရပ်နှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိပြီဖြစ် ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) CDF–Mindat က ဧပြီလ ၉ ရက်နေ့က ထုတ်ပြန်ထားသည်။ 

  • ဗိုလ်ဒါဘောဦးဆောင်သည့် Cobra စစ်ကြောင်းနှင့် Venom စစ်ကြောင်းတို့ ပူးပေါင်းလိုက်ကြောင်း ဧပြီလ ၉ ရက်နေ့က ထုတ်ပြန်ထားသည်။ 

  • ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ထိုင်းအာဏာပိုင်များ၏ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံ ဘက်သို့ပြန်ပို့ခံရသည့် Lion Battalion ဗျူဟာစစ်ကြောင်း ဒုစစ်ကြောင်းမှူးအပါဝင်သုံးဦးကို စစ်ကောင်စီ တပ်ဖွဲ့က မော်လမြိုင်အကျဉ်း ထောင်သို့ ဧပြီလ ၉ ရက်နေ့က ပို့ဆောင်ခဲ့ကြောင်း စစ်ကောင်စီထောက်ခံ သူများက ၎င်းတို့၏ လူမှုကွန် ရက်စာ မျက်နှာတွင် ဓာတ်ပုံနှင့်တကွ ရေးသားထားသည်ကို တွေ့ရသည်။ 

စစ်ကောင်စီ 

  • ၂၀၂၃ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားတွင် Fashion Award ဆုကိုပါ ထည့်သွင်း ချီးမြှင့်ပေးသွားမှာဖြစ်ကြောင်းစစ်ကောင်စီ ပြန်ကြားရေး၀န်ကြီးဌာန မှသိရသည်။ 

  • ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်း၌ ခိုအောင်းနေရာယူပြီး တရားမဝင် မှောင်ခိုလုပ်ငန်း လုပ်ဆောင်နေသူများဟုဆိုပြီး ချေမှုန်းရာ လက်နက်ခဲများအပါအဝင် ၁၇ ဦး အသေ ရရှိခဲ့ကြောင်း အကြမ်းဖက်စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။ 

  • ကိုကိုးကျွန်းရှိ ကပ္ပလီပင်လယ်ပြင် (Andaman Sea)နှင့် ဘင်္ဂလားပင်လယ်အော်(Bay of Bengal) ပင်လယ် နှစ်ခုဆုံမှတ်တည်နေရာတွင် အကြမ်းဖက်မင်းအောင်လှိုင်က အောင်မြေအထိမ်းအမှတ် ကျောက်တိုင်စိုက် ထူခဲ့ကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေးက ထုတ်ပြန်သည်။ 

  • လျှပ်စစ်သုံး EV ကားများအတွက် အထူးကုန်စည်ခွန်များကို လာမည့် ၂၀၂၄ ခုနှစ် မတ်လကုန်ထိ ကင်းလွတ်ခွင့် ပြုကြောင်း လျှပ်စစ်သုံးယာဉ်နဲ့ ဆက်စပ်လုပ်ငန်းများဆိုင်ရာ အထူးသက်သာခွင့်များ ညှိနှိုင်းကြီးကြပ်ရေး လုပ်ငန်းကော်မတီက အသိပေးထုတ်ပြန်သည်။ 

  • ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် အကြမ်းဖက်စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာနသည် ကျပ်ဘီလီယံ ၅၆၀၀ ကျော် သုံးစွဲရန် သတ်မှတ် ခွင့်ပြုထားပြီး ယခင်နှစ်ထက် ကျပ်ဘီလီယံ ၂၀၀၀ နီးပါး တိုးမြှင့်ချထား တာဖြစ်ကြောင်း  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေတွင်ဖော်ပြထား သည်။ 

 

ဧပြီ ၁၀ ရက် သုံးသပ်ချက် 

  • စစ်တပ်မှ အာဏာသိမ်းပြီးနောက် နိုင်ငံဘဏ္ဍာကို စစ်ဗိုလ်ချုပ်များမှ ကိုယ်ကျိုးစီးပွားရှေးရှုကာ  စိတ်ကြိုက်သုံးစွဲနေပြီး ယခုလည်းလာမည့်ဘဏ္ဍာနှစ်တွင် စစ်တပ်သုံးစရိတ်အများဆုံး သတ်မှတ်ထားပြီး ပြည်သူများနှင့် သက်ဆိုင်သည့် ကဏ္ဍများဖြစ်သည့် ကျန်းမာရေးနှင့်ပညာရေးမှာ စစ်တပ်အသုံးစရိတ် နှင့်နှိုင်းယှဉ်လျှင်များစွာနည်းပါးနေသည်။ 

  • ကိုကိုးကျွန်းတွင် တရုတ်စစ်တပ်အခြေစိုက်သည့် သတင်းမှာ နိုင်ငံတကာသတင်းစာမျက်နှာများတွင် အထူးတလည်ဖော်ပြနေချိန် အကြမ်းဖက်မင်းအောင်လှိုင်မှ ကိုကိုးကျွန်းသွား၍ အောင်မြေအထိမ်းအမှတ် ကျောက်တိုင်စိုက်နေသည်ကို ကြည့်ပါက ၎င်းတို့နောက်တွင် တရုတ်နိုင်ငံရှိနေသည့်အတွက် လူ့အခွင့်အရေး ချိုးဖောက်မှု စစ်ရာဇဝတ်မှုများကျူးလွန်မှုများရပ်တန့်ရန်ပြောဆိုနေသည့် နိုင်ငံတကာဖိအားများကို ဂရုမစိုက်ကြောင်း ပြသနေခြင်းဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly