ဟွန်ဆန်၏ သားက ဇူလိုင်ရွေးကောက်ပွဲ၌ ဝင်အရွေးခံမည် 

ဟွန်ဆန်၏ သားက ဇူလိုင်ရွေးကောက်ပွဲ၌ ဝင်အရွေးခံမည် 

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်၏ အာဏာရပါတီက ဇူလိုင်လ အထွေထွေရွေးကောက်ပွဲများတွင် ကိုယ်စားလှယ်လောင်းအဖြစ် ၎င်း၏ သားအကြီးဆုံးဖြစ်သူကို နာမည်စာရင်း တင်သွင်းထားကြောင်း စနေနေ့က မှတ်တမ်းတစ်ရပ်က ပြသသည်။ 

အနာဂတ် ဝန်ကြီးချုပ်အဖြစ် ကမ္ဘောဒီးယား ပြည်သူ့ပါတီက အတည်ပြုထားပြီးဖြစ်သည့် ဟွန်မန်နက်သည် အမျိုးသားလွှတ်တော်အတွက် ဇူလိုင် ၂၃ ရက် ရွေးကောက်ပွဲများတွင် ပါတီ၏ စာရင်းပါ ကိုယ်စားလှယ်လောင်း ၁၂ ဦး၌ ပထမဆုံး ကိုယ်စားလှယ်အဖြစ် Kyodo News သတင်းဌာနက မိတ္တူမြင်ခဲ့ရသည့် ဆုံးဖြတ်ချက်ချသော စာတွင် ဖော်ပြထားသည်။ 

နိုင်ငံကို ၁၉၈၅ ခုနှစ်မှ စတင်အုပ်ချုပ်လာခဲ့သူ ဟွန်ဆန်သည် ရာထူးမှ ဆင်းမည့် အရိပ်လက္ခဏာများ ပြသသော်လည်း လာမည့် ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်နေရာအတွက် ကိုယ်စားလှယ်လောင်းအဖြစ် ရပ်တည်သွားမည်ဟု အထပ်ထပ် ပြောဖူးသည်။ 

ဩဂုတ်လတွင် အသက် ၇၁ နှစ် ပြည့်မည်ဖြစ်သော ဟွန်ဆန်သည် သားဖြစ်သူအား အာဏာလွှဲပြောင်းပေးနိုင်ပြီး ၂၀၂၄ တွင် ကျင်းပမည့် ဆီးနိတ်ရွေးကောက်ပွဲများအပြီးတွင် ဖြစ်နိုင်သည်ဟု အချို့သော အစိုးရသတင်းရင်းမြစ်များက ပြောသည်။ 

အသက် ၄၅ နှစ်အရွယ် ဟွန်မန်နက်သည် တော်ဝင်ကမ္ဘောဒီးယားတပ်၏ တပ်မှူးနှင့် နိုင်ငံ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး တပ်ဖွဲ့၏ ခေါင်းဆောင်အဖြစ် အပါအဝင် ရာထူးဌာနအချို့ကို ရယူထားသည်။ 

ကမ္ဘောဒီးယား ဖွဲ့စည်းပုံအရ ဝန်ကြီးချုပ်သည် အမျိုးသားလွှတ်တော်၏ အဖွဲ့ဝင်  ဖြစ်ရမည် ဖြစ်သည်။ 

၂၀၁၈ ရွေးကောက်ပွဲအတွင်း၌ အဓိက အတိုက်အခံပါတီကို တရားရုံးချုပ်က ဖျက်သိမ်းပြီး ပါဝင်အများစု ပြည်ပထွက်ပြေးရပြီးနောက် ဟွန်ဆန်၏ အာဏာရပါတီသည် အောက်လွှတ်တော်၌ ၁၂၅ နေရာစလုံး အနိုင်ရခဲ့သည်။ 

ကမ္ဘောဒီးယားတွင် ရွေးကောက်ပွဲကို ငါးနှစ်တစ်ကြိမ် ကျင်းပလေ့ရှိသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly