BIM Top Selection Remix တေးအယ်ဘမ် ပရိုမိုးရှင်းပွဲ ပြုလုပ်

BIM Top Selection Remix တေးအယ်ဘမ် ပရိုမိုးရှင်းပွဲ ပြုလုပ်

ရန်ကုန်၊ မတ်လ ၂၃ ။               ။ The Sun Music Production မှ ဖြန့်ချိလိုက်သည့် DJ သော်သော် အပါအဝင် လူငယ် DJ များ ပါဝင်သည့် BIM Top Selection Remix တေးအယ်ဘမ် ၏ ပရိုမိုးရှင်းပွဲကို မတ်လ ၂၂ရက်တွင် ရန်ကုန်မြို့ရှိ လှည်းတန်းစင်တာ၌ ကျင်းပခဲ့သည်။

ထို တေးအယ်ဘမ်တွင် ပရိသတ်ကြား အောင်မြင်ခဲ့သည့် တေးသီချင်း ၉ပုဒ် ပါဝင်ပြီး နာမည်ကြီး အဆိုတော်များ၏ တေးသီချင်းများကို DJ ပုံစံဖြင့် စမ်းသစ်ကာ တမျိုးထူးခြားအောင် တီးခတ်ပြီး ဖန်တီးထားခြင်း ဖြစ်သည်။

နာမည်ကြီး အဆိုတော်များ၏ တေးသီချင်းများ ဖြစ်သည့် အဆိုတော် R ဇာနည်၏ အမုန်းမျက်လုံး၊ ချောငယ်၏ စိတ်ကူးလေးပါပဲ၊ မြကြာညို ၏ မုန်း၊ ရေဗက္ကာဝင်း၏ အမှတ်တရ သြင်္ကန်၊ ဇွဲပြည့်၏ အပြည်ပြည်ဆိုင်ရာအသည်းကွဲသောနေ့၊ Snare ၏ မိုက်ချက်ကတော့ကမ်းကုန်၊ G-Tone ၏ အကောင်းဆုံးသြင်္ကန်၊ ပိုပို၏ မချစ်ရင်၊ နီနီခင်ဇော်၏ စိုးရိမ်ချစ်၊ ရဲလေး နှင့် အေသင်ချိုဆွေ တို့၏ ရှုပ်ထွေးခြင်း၊ ဂျက်ဆန်ထွန်း၏ ကိုယ့်ရဲ့ဘုရင်မ တေးသီချင်းများပဲ ဖြစ်သည်။

DJ သော်သော် အပါအဝင် လူငယ် DJ များ ဖြစ်ကြသည့် DJ Bo Bo ၊ DJ Dynamite ၊ DJ Nyi Nyi ၊ DJ Kendrick ၊ DJ Silent ၊ DJ Chacky ၊ DJ Sai Sai ၊ DJ Crunk Phyo တို့မှ ပါဝင် တီးခတ်ပေးထားကြသည်။

DJ Chacky မှ “တစ်ယောက်ကို ကြိုက်တဲ့ သီချင်း တစ်ပုဒ်ဆီ ရွေးတဲ့ အခါ မနီနီခင်ဇော် ရဲ့ စိုးရိမ်ချစ် တေးသီချင်းကို ရွေးပြီး ပြန်တီး ဖြစ်ခဲ့ပါတယ်။ ဒီ သီချင်းက နှေးတဲ့အတွက် သြင်္ကန်မှာဖွင့်ဖို့ အမြူးပုံစံ ပြန်တီးတဲ့ အခါမှာ နည်းနည်းတော့ အခက်အခဲ ရှိခဲ့ပါတယ်” ဟု ပြောသည်။

BIM Top Selection Remix တေးအယ်ဘမ်ကို တစ်ချပ်လျှင် ကျပ် နှစ်ထောင်ဖြင့် ရောင်းချခဲ့ပြီး ပါဝင်သည့် အနုပညာရှင်များ နှင့် အတူ အမှတ်တရ လက်မှတ် ရေးထိုးကာ အခွေများကို ရောင်းချခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly