One Direction အဖွဲ့တွင် မုတ်ဆိတ်ထားခွင့် မရခဲ့ကြောင်း ဇေယန်မာလစ်ခ် ပြောကြား

One Direction အဖွဲ့တွင် မုတ်ဆိတ်ထားခွင့် မရခဲ့ကြောင်း ဇေယန်မာလစ်ခ် ပြောကြား

နယူးယော့ခ်၊ မတ် ၂၂ ။              ။ One Direction အဖွဲ့ဝင်ဟောင်း ဇေယန်မာလစ်က  အဖွဲ့၏ပုံရိပ်ကို ထိန်းသိမ်းရန်အတွက် အဖွဲ့အတွင်းရှိနေစဉ်  မုတ်ဆိတ်မွေးထားခွင် မရှိသည့်အပြင် တက်တူးလည်း ထိုးခွင့်မရခဲ့ကြောင်း ပြောကြားခဲ့သည်။

ဇေယန်မာလစ်ခ်သည် ကိုယ်ပိုင်တေးသီချင်းများကို ဖန်တီးလိုခြင်းကြောင့် အဖွဲ့အတွင်းမှ ထွက်ခွာခဲ့ရခြင်းဖြစ်ကြောင်း ယခင်က ပြောကြားခဲ့သော်လည်း ယခု တွေ့ဆုံမေးမြန်းခန်းတွင် အဖွဲ့အတွင်း ကန့်သတ်ချက်များက ၎င်း၏ ရုပ်ပိုင်းဆိုင်ရာအပေါ် အကျိုးသက်ရောက်မှု ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

“Mind of Mine” ပွဲဦးထွက် တစ်ကိုယ်တော် တေးအယ်လ်ဘမ် ထွက်ရှိမှုမတိုင်မီ မျက်နှာဖုံးအ တွက် ပြုလုပ်သောပွဲတွင် ဇေယန်မာလစ်ခ်က One Direction အဖွဲ့အတွင်းရှိနေစဉ် တက်တူးထိုးခွင့် မရှိသည့်အပြင် မုတ်ဆိတ်မွှေးလည်း ထားခွင့်မရှိကြောင်း ပြောကြားခဲ့သည်။ ဇေယန်၏ “Mind of Mine” ပွဲဦးထွက် တစ်ကိုယ်တော် တေးအယ်လ်ဘမ်သည် မတ် ၂၅ ရက်က ထွက်ရှိခဲ့သည်။

“ကျွန်တော် မုတ်ဆိတ်မွေး ထားခွင့်မရခဲ့ဘူး။ နောက်ဆုံး ကျွန်တော် အသက်ကြီးလာတဲ့အခါ လည်း အဲဒီကန့်သတ်ချက်ကို ဆန့်ကျင်လို့ရမှာ မဟုတ်ဘူး။ ဒါကြောင့် ကန့်သတ်ချက်ကို ဆန့်ကျင်ဖို့ ဘယ်နည်းနဲ့ဖြင့်ဖြင့် လုပ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ကန့်သတ်ချက်ကြောင့် ကျွန်တော်ဟာ အဖွဲ့ဝင် အားလုံးထက် အသက်ကြီးတယ်လို့ ထင်ရတယ်” ဟု ဇေယန်က ပြောကြားခဲ့သည်။

“အဖွဲ့အတွင်းရှိစဉ်က ကျွန်တေ်ာ မုတ်ဆိတ်မွေး ထားချင်တယ်။ ကျွန်တော် ဆံပင်ဆိုးချင် တယ်။ ဒါပေမဲ့ ကျွန်တော် အဲ့ဒါတွေ လုပ်ခွင့်မရခဲ့ပါဘူး” ဟု ဇေယန်က ပြောကြားခဲ့သည်။

ဇေယန်သည် လွန်ခဲ့သည့် တစ်နှစ်က  One Direction အဖွဲ့မှ နှုတ်ထွက်ခဲ့ခြင်းကြောင့် ဆယ်ကျော်သက်အရွယ် ပရိတ်သတ် သန်းပေါင်းများစွာ စိတ်ထိခိုက်ခဲ့ရသည်။ဇေယန်သည် ၂၀၁၅ ခုနှစ်အကုန်တွင် “Pillowtalk” တစ်ကိုယ်တော် တေးသီချင်းထွက်ရှိမည်ဟု ကြေညာမှုမတိုင်မီ Naughty Boy နှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ကောလဟာလသတင်းများ ထွက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly