နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က ရုရှားသမ္မတပူတင်ကို စစ်ရာဇဝတ်မှုကျူးလွန်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်း၀ရမ်းထုတ်သလို မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုကော ဖမ်း၀ရမ်းထုတ်လာနိုင်သလား။ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်ပေါ် ရာဇဝတ်မှုကျူးလွန်မှုနဲ့ လူမျိုးတုန်းအောင်သတ်ဖြတ်မှုတွေကျူးလွန်တယ်လို့ စွပ်စွဲခံထားရတဲ့ မင်းအောင်လှိုင်နဲ့ စစ်အုပ်စုပေါ် နိုင်ငံတကာတရားရုံးတွေက အရေးယူဆောင်ရွက်မှုတွေပြုလာအောင် လုပ်ဆောင်နိုင်မှုတွေကကော ဘယ်လိုအခြေအနေရှိလဲဆိုတာတွေကို အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့်အင်တာဗျူးမှာ နားဆင်နိုင်မှာဖြစ်ပါတယ်။