သားဖြစ်သူ ဓာတ်ပုံတွေကို ဟက်ကာသမားက ခိုးယူခဲ့မှုကြောင့် ဒေါသထွက်ခဲ့တဲ့ အဒဲလ်

သားဖြစ်သူ ဓာတ်ပုံတွေကို ဟက်ကာသမားက ခိုးယူခဲ့မှုကြောင့် ဒေါသထွက်ခဲ့တဲ့ အဒဲလ်

နယူးယော့ခ်၊ မတ် ၂၀ ။           ။ ကမ္ဘာကျော်အဆိုတော် အဒဲလ်သည် သားဖြစ်သူ၏ ဓာတ်ပုံများနှင့် ultrasound ပုံများကို ဟက်ကာသမားက ခိုးယူခဲ့မှုကြောင့် ဒေါသထွက်ခဲ့သည်။

ဟက်ကာသမားသည် အဒဲလ်သားဖြစ်သူ အန်ဂျီလို၏ ဓာတ်ပုံများနှင့် ultrasound ပုံများအ ပါအဝင် အဒဲလ်၏ ဓာတ်ပုံများကို အွန်လိုင်းပေါ်တွင် တင်ခဲ့သည်။ ဟက်ကာသမားသည် အဒဲလ်၏ လက်တွဲဖော် ဆိုင်မွန်ကိုနက်ကီ၏ အီမေးလ်မှတစ်ဆင့် ဓာတ်ပုံများကို ဝင်ရောက်ရယူခဲ့ပုံရပြီး ယင်းနောက် ဓာတ်ပုံများကို ဖေ့စ်ဘွတ်ခ်ရှိ အဒဲလ်ပရိတ်သတ်အဖွဲ့တွင် မျှဝေခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံများတွင် သားဖြစ်သူကို အနှီးနှင့် ထုပ်ထားသည့်ပုံများ၊ အဒဲလ် ကိုယ်ဝန်ဆောင်ချိန် မီးဖိုချောင်တွင် ရိုက်ခဲ့သော selfie ပုံတစ်ပုံပါဝင်ကြောင်း The Sun က ပြောကြားသည်။ အဒဲလ် အသက်ငါးနှစ်အရွယ်က ကစားကွင်းရှိ လျှောအောက်ခြေတွင် လျှာထုပ်ပြနေသည့် ဓာတ်ပုံနှင့် အဒဲလ် အသက် ၂၀ အရွယ်က စီးကရက်တစ်လိပ်နှင့် ပြင်သစ်ရှန်ပိန်ဝိုင်ကို ကိုင်ကာ အိပ်ယာပေါ်တွင် လဲလျောင်းနေသည့် ဓာတ်ပုံလည်း ပါဝင်သည်။

ဓာတ်ပုံများသည် အဒဲလ်၏ အကြီးမားဆုံး ဖေ့စ်ဘွတ်ခ် ပရိတ်သတ်အဖွဲ့မှတစ်ဆင့် အွန်လိုင်း တွင် ပျံနှံခဲ့သည်။ အဒဲလ်၏ စီမံခန့်ခွဲမှုအဖွဲ့သည် ဓာတ်ပုံများပျံ့နှံ့မှုကို တားဆီးရန်  အဒဲလ်၏ လူမှုရေး မီဒီယာအကောင့်များကို ဖျက်ပစ်ခဲ့သည်။

“အဒဲလ်ဟာ ဓာတ်ပုံတွေ ပေါက်ကြားခဲ့တာကို ကြားတဲ့အခါ ဒေါသထွက်ခဲ့ပါတယ်။ သူမရဲ့ စီမံခန့်ခွဲမှုအဖွဲ့ကို ဓာတ်ပုံတွေ ချက်ချင်းဖယ်ရှားပေးဖို့ ပြောခဲ့ပါတယ်” ဟု အဒဲလ်နှင့် နီးစပ်သော သတင်းအရင်းမြစ်က The Mirror ကို ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly