ဆောင်းဟေဂျို (အွန်စော)နှင့် ဆောင်ဂျောင်ကီတို့ တွဲခုတ်နေဟု သတင်းများ ထွက်ပေါ်

ဆောင်းဟေဂျို (အွန်စော)နှင့် ဆောင်ဂျောင်ကီတို့ တွဲခုတ်နေဟု သတင်းများ ထွက်ပေါ်

ဆိုးလ်၊ မတ် ၂၁ ။           ။ တောင်ကိုရီးယား မင်းသား ဆောင်ဂျောင်ကီနှင့် ဆောင်းဟေဂျို( အွန်စော)တို့သည် တွဲခုတ် နေကြောင်း ကောလဟာလသတင်းများ ထွက်ပေါ်နေသော်လည်း နှစ်ဖက်လုံးမှ မဟုတ်ကြောင်း ငြင်းဆိုလျက် ရှိသည်။

အွန်စောနှင့် ဆောင်ဂျောင်ကီတို့သည် နယူးယော့ခ်မြို့တွင် အတူဈေးဝယ်ထွက်နေသည်ကို ကျောင်းသားတစ်ဦးက တွေ့ရှိခဲ့ကြောင်း အွန်လိုင်းတွင် ဖော်ပြထားသည်။ အွန်လိုင်းတွင် အွန်စောနှင့် ဆောင်ဂျောင်ကီတို့ သတင်းကို တင်ခဲ့ရာ အလျင်အမြန် ပျံ့နှံ့ခဲ့ပြီး ၎င်းတို့နှစ်ဦး တွဲနေသည်ဟူသော သတင်းအပေါ် အာရုံစိုက်မှုများ ရှိလာသည်။

“အွန်စောနဲ့ မင်းသား ဆောင်ဂျောင်ကီတို့ရဲ့ ကောလဟာလသတင်းကို ပထမဆုံးအကြိမ် ကြားရတာ ဖြစ်ပါတယ်။ အွန်စောဟာ နယူးယော့ခ်ကို အလည်ပတ် သွားရောက်ခဲ့တယ်။   ဆောင်ဂျောင်ကီကလည်း အဲ့မှာ ရှိနေခဲ့တယ်။ ဒါကြောင့် သူတို့နှစ်ယောက်အတူ ထမင်းစားခဲ့ကြ တယ်။ သူတို့နဲ့အတူ နယူးယော့မှာရှိတဲ့ မိတ်ဆွေတွေလည်း ပါပါတယ်။ ဒီလို သတင်းထွက်လာမယ်လို့ ကျွန်မတို့ မထင်ထားဘူး” ဟု အွန်စော၏ အဖွဲ့ဝင်တစ်ဦးက မတ် ၂၁ ရက်တွင် ပြောကြားခဲ့သည်။

“Descendants of the Sun” ဒရမ်မာ ဇာတ်ကားကြောင့် တစ်ခြားသူတွေ အထင်လွဲသွားတာ လို့ ကျွန်မထင်တယ်” ဟု ၎င်းက ရယ်မောကာ ပြောကြားခဲ့သည်။

“ကျွန်တော်တို့လည်း ဒီသတင်းကို ကြားပါတယ်။ ဒါပေမဲ့ ဒီသတင်းဟာ အမှန်မဟုတ်ပါဘူး”ဟု ဆောင်ဂျောင်ကီ၏ အေဂျင်စီက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly