ရုတ်တရက်အပူချိန်များမြင့်မားလာမှုကြောင့် မလေးရှားပြည်နယ်နှစ်ခုတွင် ကျောင်းများပိတ်

ရုတ်တရက်အပူချိန်များမြင့်မားလာမှုကြောင့် မလေးရှားပြည်နယ်နှစ်ခုတွင် ကျောင်းများပိတ်

ကွာလာလမ်ပူ၊ မတ် ၂၁ ။             ။ ရုတ်တရက်ပြင်းထန်လာသည့် အပူလှိုင်းကြောင့် မလေးရှားနိုင်ငံ မြောက်ပိုင်းရှိ ကီဒါးနှင့် ပါလစ်ပြည်နယ်များရှိ စာသင်ကျောင်းများကို မတ် ၂၂နှင့် ၂၃တွင် ပိတ်ထားမည်ဖြစ်ကြောင်း မလေးရှားပညာရေးဝန်ကြီး မက်ဇီယာခါလစ်က မတ် ၂၁တွင် ကြေညာသည်။

ယင်းပြည်နယ်နှစ်ခုစလုံးမှာ မလေးရှား-ထိုင်းနယ်စပ်တစ်လျှောက်တွင် တည်ရှိပြီး အများအားဖြင့် ၂၇ ဒီဂရီစင်တီဂရိတ်သာရှိသော မလေးရှားအတွက် အလွန်ပူသော ၃၀ဒီဂရီစင်တီဂရိတ်သို့   ရောက်ရှိနေသည်။ အပူချိန်မြင့်မားရခြင်းမှာ ယေဘုယျအားဖြင့် အယ်လ်နီညိုရေနွေးစီးကြောင်းကြောင့်ဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းနှင့် အရှေ့ပိုင်းရှိ ပင်လယ်ရေမျက်နှာပြင်အပူချိန်မှာ ခါတိုင်းထက်ပို၍ မြင့်မားလျက်ရှိသည်။

အပူချိန်များ ၃၇ဒီဂရီစင်တီဂရတ်ကျော်မှု ၇၂နာရီထက်ပိုပါက စာသင်ကျောင်းများ ပိတ်နိုင်သည့် ညွှန်ကြားချက်များကို သဘာဝရင်းမြစ်နှင့် ပတ်ဝန်းကျင်ရေးရာဝန်ကြီးက လွန်ခဲ့သည့် သီတင်းပတ်က ကြေညာခဲ့သည်။ နှစ်ရက်ကျော်ပါက ပါလစ်နှင့် ကီဒါပြည်နယ်များရှိ ကျောင်းများပိတ်ထားမှု ရက်တိုးသင့်မတိုးသင့် မတ် ၂၃ တွင် ၎င်း၏ဝန်ကြီးဋ္ဌာနက ဆုံးဖြတ်မည်ဟု မစ္စတာခါလစ်က ပြောကြားသည်။

မလေးရှားသည် ယခုကဲ့သို့ အပူချိန်များနှင့် အပူဒဏ်ကို ၁၉၉၀ပြည့်လွန်နှစ်များက ရှည်ကြာစွာ ခံစားခဲ့ရသည်။ အပူချိန်များ ၄၀ဒီဂရီစင်တီဂရိတ်ဖြင့် ခုနှစ်ရက်နှင့် အထက်ကြုံပါက အပူလှိုင်းအရေးပေါ် အခြေအနေကြေညာနိုင်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly